Reuters;Mar–3(Wed)
တူရကီနှင့်အီဂျစ်နိုင်ငံတို့အနေဖြင့် မြေထဲပင်လယ်အရှေ့ပိုင်းတွင် ပင်လယ် ရေကြောင်းဆိုင်ရာ နယ်နိမိတ်သတ်မှတ်မှုအပေါ်ဆွေးနွေးမှုများပြုလုပ်ပြီး လက်မှတ်ရေးထိုး သွားနိုင်ဖွယ်ရှိကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး မဲလ်ဗက်ကာဗူဆိုဂလူ (Mevlut Cavusoglu) က မတ်လ ၃ ရက်တွင် ပြောကြားခဲ့ပါသည်။ အဆိုပါနှစ်နိုင်ငံသည် မြေထဲ ပင်လယ်အရှေ့ပိုင်းတွင် အရှည်လျားဆုံးသော ကမ်းရိုးတန်းအားပိုင်ဆိုင်သည့်နိုင်ငံများ ဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် အီဂျစ်စစ်ဘက်က သမ္မတ မိုဟာမက်မော်စီ (Mohammed Mursi) အား ဖြုတ်ချခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးအခြေအနေသည် အေးခဲသွားခဲ့ခြင်းဖြစ် ပါသည်။ လက်ရှိအချိန်၌ နှစ်နိုင်ငံအကြား ရေကြောင်းဆိုင်ရာတရားစီရင်မှုကိစ္စရပ်များ၊ ကမ်းလွန်ဒေသရှိအရင်းအမြစ်ဆိုင်ရာ ပိုင်ဆိုင်မှုကိစ္စရပ်များ၊ လစ်ဗျားနိုင်ငံရှိပဋိပက္ခများ နှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများဖြစ်ပေါ်လျက်ရှိပါသည်။ ထို့ပြင် အီဂျစ်နိုင်ငံသည် ပြီးခဲ့သည့်လအတွင်းက မြေထဲပင်လယ်အပါအဝင် နေရာပေါင်း ၂၄ ခု၌ ရေနံနှင့်သဘာဝ ဓာတ်ငွေ့တူးဖော်ထုတ်လုပ်နိုင်ရန် စတင်ဆောင်ရွက်လျက်ရှိကြောင်း ကြေညာမှုများ ပြုလုပ်ခဲ့ပါသည်။
အဆိုပါရေနံတူးဖော်မည့် အီဂျစ်နိုင်ငံ၏လုပ်ဆောင်မှုသည် မြေထဲပင်လယ် အတွင်းရှိ တူရကီ၏ရေပိုင်နက်အား ထိခိုက်မှုမရှိစေရန်အတွက် လေးစားမှုရှိရမည်ဖြစ် ကြောင်း ကာဗူဆိုဂလူက ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့ပြင် ၎င်းနှစ်နိုင်ငံ အနေဖြင့် နှစ်ပေါင်းများစွာကြာ ကုန်သွယ်ရေးကိစ္စရပ်နှင့်ပတ်သက်ပြီး သဘောထား ကွဲလွဲမှုများ၊ အပြန်အလှန် စွပ်စွဲပြစ်တင်ဝေဖန်မှုများပြုလုပ်ခဲ့သော်လည်း ပြီးခဲ့သည့်နှစ် များအတွင်း နှစ်နိုင်ငံအကြား ဆက်ဆံရေးအခြေအနေသည် ပြန်လည်ကောင်းမွန်လာ ခဲ့ပါသည်။ လက်ရှိအချိန်တွင် ၎င်းတို့နှစ်နိုင်ငံအကြား နိုင်ငံရေးဆိုင်ရာဆွေးနွေးပွဲများ ပြုလုပ်နိုင်ခြင်းမရှိသေးသော်လည်း ထောက်လှမ်းရေးဆိုင်ရာကိစ္စရပ်များတွင် ဆက်ဆံမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment