အာရပ်နိုင်ငံများနှင့် ဂရိနိုင်ငံအကြား ဆက်ဆံရေးတိုးမြှင့်ရန်အတွက် ဂရိနိုင်ငံ နှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် အာရပ်အဖွဲ့ချုပ်က တောင်းဆိုခဲ့ ကြောင်း Egypt Today သတင်းဌာနက မတ်လ ၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ အာရပ် အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးချုပ် အာမက်အေဘောဂျီဟိန့် (Ahmed Aboul Gheit) သည် ဂရိနိုင်ငံခြားရေးဝန်ကြီး နီကိုးစ်ဒန်ဒီရက်စ် (Nikos Dendias) နှင့် အီဂျစ်နိုင်ငံ၊ ကိုင်ရို (Cairo) မြို့၌ တွေ့ဆုံစဉ် အထက်ပါအတိုင်း တောင်းဆိုခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါတွေ့ဆုံမှုအတွင်း ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် အထွေထွေအတွင်းရေးမှူးချုပ် အာမက်သည် ဒေသတွင်းနှင့် နိုင်ငံတကာကဏ္ဍပေါင်းစုံဖိုရမ်များတွင် ဂရိနိုင်ငံနှင့် နိုင်ငံရေးညှိနှိုင်း ဆွေးနွေးမှုများကို ပုံမှန်လုပ်ဆောင်သွားလိုသည့် အာရပ်အဖွဲ့ချုပ်၏ သဘောထားကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment