Wednesday, March 17, 2021

အမေရိကန်နှင့်တူရကီနိုင်ငံတို့အကြားသံတမန်ဆက်ဆံရေးတိုးတက်ကောင်းမွန်ရန်ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းအမေရိကန်နိုင်ငံဆိုင်ရာတူရကီသံအမတ်ကြီး ကအမေရိကန်-တူရကီအဖွဲ့အစည်းထံပေးပို့ခဲ့ခြင်း

        အမေရိကန်နှင့် တူရကီနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးသည် အလွန် အရေးကြီးသဖြင့် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်ရန် ဆက်လက်လုပ်ဆောင် သွားမည်ဟု ပြောကြားထားသည့် Video File တစ်ခုအား အမေရိကန်နိုင်ငံဆိုင်ရာ တူရကီသံအမတ်ကြီး ဟာဆန်မူရတ်မာကန် (Hasan Murat Mercan) က အမေရိကန် -တူရကီအဖွဲ့အစည်း (Turkey-American Community) ထံ ပေးပို့ခဲ့သည်ဟု AA သတင်း ဌာနက မတ်လ ၁၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ အမေရိကန်-တူရကီ နှစ်နိုင်ငံအကြား ဆက်ဆံရေးပိုမိုကောင်းမွန်စေရန်အတွက် နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များ၌ ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်ရန်မှာ အရေးကြီးဆုံးသော ဆောင်ရွက်ချက်များဖြစ်လိမ့်မည်ဟုလည်း ၎င်းက ထပ်လောင်း‌ပြောကြားခဲ့ပါသည်။ ၎င်းအနေဖြင့် နှစ်နိုင်ငံအကြား ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ရန်အတွက် နှစ်ဖက်အဖွဲ့ အစည်းမှ အဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး အဖွဲ့ဝင်များ၏ ကူညီထောက်ပံ့မှု၊ ပူးပေါင်းပါဝင်မှုနှင့် အကြံဉာဏ်များ လိုအပ်သည်ဟုလည်း ဟာဆန် မူရတ်မာကန်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment