အယ်လ်ဘေးနီးယားနိုင်ငံ၌ လာမည့် ဧပြီလ ၂၅ ရက်တွင် လွှတ်တော် ရွေးကောက်ပွဲအား ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါရွေးကောက်ပွဲတွင် ဆန်းစစ်လေ့လာမှုများပြုလုပ်ရန်အတွက် ဥရောပလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Organization for Security and Coopreation in Europe-OSCE) သည် ၎င်းတို့၏ ရုံးခန်းအား မတ်လ ၁၉ ရက်တွင် အယ်လ်ဘေးနီးယားနိုင်ငံ၏ မြို့တော် တီယားနား (Tirana) ၌ ဖွင့်လှစ်ခဲ့ပါသည်။ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးဆိုင်ရာကျွမ်းကျင် အဖွဲ့ ၁၂ ဖွဲ့သည် မတ်လ ၂၆ ရက်မှစ၍ အထွေထွေေရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့် နေရာများတွင် ထားရှိသွားမည်ဖြစ်ပါသည်။ ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွား နေသော ကာလဖြစ်သဖြင့် လေ့လာစောင့်ကြည့်ရေးအဖွဲ့များအား ၎င်းတို့တာဝန် ထမ်းဆောင်မည့်နေရာများတွင် ကြိုတင်၍ ထားရှိခြင်းဖြစ်ကြောင်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့က ထပ်လောင်းပြောကြားခဲ့ပါသည်။ လွှတ်တော် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူ ၃.၅၈ သန်းကျော်သည် လွှတ်တော်အမတ် ၁၄၀ ဦးအား လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်သွားမည်ဟု သိရှိရပါသည်။
No comments:
Post a Comment