အစ္စရေးအစိုးရအနေဖြင့် အီရန်အရေးကိစ္စနှင့်စပ်လျဉ်း၍ ဥရောပနိုင်ငံများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်သွားရန် ကြိုးပမ်းလျက်ရှိကြောင်း အစ္စရေးကြည်းတပ်ဦးစီးချုပ် အေဗစ်ကိုချာဗီ (Aviv Kochavi) က ပြောကြားခဲ့ပါသည်။ အစ္စရေးကြည်းတပ်ဦးစီးချုပ် ကိုချာဗီသည် အစ္စရေးသမ္မတ ရူဗင်ရစ်ဗလင် (Reuven Rivlin) နှင့်အတူ ပြင်သစ်၊ ဂျာမနီနှင့် ဩစတြီးယားနိုင်ငံများသို့ မတ်လ ၁၆ ရက်တွင် ချစ်ကြည်ရေးခရီးသွားရောက်မည်ဖြစ်ကြောင်း JP သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါခရီးစဉ်အတွင်း အစ္စရေးသမ္မတ ရစ်ဗလင်နှင့် ကြည်းတပ်ဦးစီးချုပ် ကိုချာဗီ တို့သည် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် (Emmanuel Macron)၊ ဂျာမနီသမ္မတ ဖရန့်ဝေါ်လ်တာစတိန့်မိုင်ယာ (Frank-Walter Steinmeier)၊ ဩစတြီးယားသမ္မတ အလက်ဇန်းဒါးဗန်ဒါဘဲလန် (Alexander Van der Bellen)၊ ဩစတြီးယားဝန်ကြီးချုပ် ဆီဘက်စတိန်ကာ့ဇ်(Sebastian Kurz)တို့နှင့် တွေ့ဆုံရန်မျှော်လင့်ထားကြောင်း ထုတ်ပြန်ချက်များအရသိရှိရပါသည်။
No comments:
Post a Comment