အမေရိကန်နှင့် တူရကီနိုင်ငံတို့အနေဖြင့် ဆီးရီးယားနိုင်ငံအတွင်းရှိ ၎င်းတို့၏ ဘုံအကျိုးစီးပွားများအတွက် အတူတကွ လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ နတ်ပရိုက်စ် (Ned Price) က မတ်လ ၂ ရက်တွင် ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံအနေဖြင့် ရုရှား-တူရကီ မိတ်ဖက် ဆက်ဆံရေးကို ပျက်ပြားစေနိုင်သည့် ဆီးရီးယားနိုင်ငံအတွင်း စစ်မက်ဖြစ်ပွားရန် အသင့်ရှိသည်ဟူသော တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) ၏ ပြောကြားချက်များကို နတ်ပရိုက်စ်က ပြန်လည်ပြောကြားခဲ့ပါသည်။ ထို့ပြင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) သည် ဖေဖော်ဝါရီလ ၂၆ ရက်တွင် ဆီရီးယားရှိ အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွများ၏ အခြေစိုက်စခန်း များကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment