Alarabiya; Apr-19(Mon)
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနသည် ဧပြီလ ၁၈ ရက်တွင် ချက်သမ္မတနိုင်ငံမှ သံအမတ်ကြီး ဗီတီဆယ်လဗ်ပီဗွန်ကာ (Vitezslav Pivonka) အား ဆင့်ခေါ်၍ ချက်သံတမန် ၂၀ ဦးကို ဧပြီလ ၁၉ ရက်တွင် နိုင်ငံအတွင်းမှနှင်ထုတ်သွားမည် ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပါသည်။ ထိုကဲ့သို့ပြုလုပ်ခြင်းမှာ ချက်သမ္မတနိုင်ငံ သည် ရုရှားသံတမန် ၁၈ ဦးကို စစ်ဘက်ဆိုင်ရာသူလျှိုများအဖြစ်စွပ်စွဲပြီး နိုင်ငံ အတွင်းမှ နှင်ထုတ်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ဒေသတွင်းသတင်းများက ဖော်ပြခဲ့ ပါသည်။ ချက်သမ္မတနိုင်ငံအနေဖြင့် ရုရှားသံတမန်များကို နိုင်ငံအတွင်းမှနှင်ထုတ် ခြင်းသည် ရန်လိုမုန်းထားသည့်အပြုအမူတစ်ရပ်ဖြစ်ပြီး အဆိုပါဖြစ်ရပ်နောက်ကွယ် တွင် အမေရိကန်နိုင်ငံ ကြိုးကိုင်နေခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။
ရုရှားသံတမန်များကို နိုင်ငံအတွင်းမှနှင်ထုတ်ခြင်းသည် ၂၀၁၄ ခုနှစ်က ချက်သမ္မတနိုင်ငံအရှေ့ပိုင်းရှိ မြို့တစ်မြို့တွင်ဖြစ်ပွားခဲ့သော ခဲယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုတွင် ရုရှားစစ်ဘက်သူလျှိုများပါဝင်နေသည့် သက်သေအထောက်အထား များကို ချက်သမ္မတနိုင်ငံဘက်မှ စုံစမ်းဖော်ထုတ်နိုင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ် အန်ဒရေဘာဘစ် (Andrej Babis) က ဧပြီလ ၁၇ ရက်တွင် ပြောကြားခဲ့ပါသည်။ လက်ရှိအချိန်တွင် ချက်သမ္မတနိုင်ငံအတွင်းရှိ ရုရှား သံတမန် ၁၈ ဦးသည် ရုရှားစစ်ဘက် ထောက်လှမ်းရေးအဖွဲ့ GRU နှင့် SVR ၏ သူလျှိုများဖြစ်ကြောင်း စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီးဖြစ်သည်ဟု ချက်သမ္မတနိုင်ငံ ပြည်ထဲရေးနှင့် နိုင်ငံခြားရေးဝန်ကြီး ဂျန်ဟမ်မာဆခ် (Jam Mamacek) က ထုတ်ဖော် ပြောကြားခဲ့ပါသည်။ တစ်ချိန်တည်းတွင် ချက်ရဲတပ်ဖွဲ့သည် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နှင့် ၁၆ ရက်အကြား နိုင်ငံအတွင်းသို့ အလည်အပတ်ရောက်ရှိခဲ့သည့် ပြည်ပ နိုင်ငံသား ၂ ဦး၏ဓာတ်ပုံကို ထုတ်ဖော်ပြသခဲ့ပါသည်။ အဆိုပါပြည်ပနိုင်ငံသား ၂ ဦး သည် ချက်သမ္မတနိုင်ငံသို့ ရုရှားနိုင်ငံကူးလက်မှတ်ဖြင့် ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment