TASS; Oct-11 (Mon)
ရုရှားအစိုးရသည် ကိုဆိုဗိုနှင့် ပြန်လည်ပေါင်းစည်းရေး ပြုလုပ်သွားမည့် အယ်လ်ဘေးနီးယားဝန်ကြီးချုပ် အဒီရာမာ (Edi Rama) ၏ အစီအစဉ်ကို လုံးဝ လက်ခံသွားမည်မဟုတ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာ (Maria Zakharova) က အောက်တိုဘာလ ၁၁ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့ပါသည်။
သုံးသပ်ချက်
အယ်လ်ဘေးနီးယားနိုင်ငံသည် နိုင်ငံရေးအရ တည်ငြိမ်မှုအားနည်းသည့် နိုင်ငံ တစ်ခုဖြစ်သော်လည်း ကိုဆိုဗိုဒေသခွဲထွက်ရေးတွင် အားပေးကူညီခဲ့သော နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ကိုဆိုဗိုဒုက္ခသည်များကိုလည်း နိုင်ငံအတွင်း ခိုလှုံခွင့်ပေးခဲ့ပါသည်။ လက်ရှိအချိန်တွင် အယ်လ်ဘေးနီးယားဝန်ကြီးချုပ် အဒီရာမာသည် ‘ ကြီးမြတ်သော မဟာ အယ်ဘေးနီးယား’ (Greater Albania) နိုင်ငံအဖြစ် တည်ထောင်နိုင်ရေးအတွက် ကိုဆိုဗိုနှင့် ပြန်လည်ပေါင်းစည်းရေးပြုလုပ်သွားရန် စီစဉ်လျက်ရှိပါသည်။ အဆိုပါ အယ်လ်ဘေးနီးယားနိုင်ငံ၏ ကိုဆိုဗိုနှင့် ပြန်လည်ပေါင်းစည်းရေးပြုလုပ်မှုသည် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကိုလည်း ပျက်ပြားစေနိုင်သည့်အတွက် ရုရှားအစိုးရက အပြင်းအထန် ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်ခဲ့ပါသည်။ ကိုဆိုဗိုလွှတ်တော်သည် ရုရှားနှင့် ဆားဘီးယားနိုင်ငံတို့မှ အပြင်းအထန် ကန့်ကွက်နေသည့်ကြားမှ ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကိုဆိုဗိုဒေသအား အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအဖြစ် တစ်ဖက်သတ်လွတ်လပ်ရေးကြေညာမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရပါသည်။ ရုရှား အနေဖြင့် ယခင်ကတည်းက ကိုဆိုဗို၏ လုပ်ရပ်အပေါ် ဆန့်ကျင်ကန့်ကွက်လာခဲ့ခြင်း ဖြစ်ရာ ကိုဆိုဗိုနိုင်ငံတည်ထောင်ရေးစီမံကိန်းနှင့် အယ်လ်ဘေးနီးယားနှင့် ပြန်လည် ပေါင်းစည်းရေး အစီအစဉ်တို့မှာလည်းရန်စသည့် လုပ်ရပ်ဖြစ်ခြင်းကြောင့် သင့်လျော်သည့် တုံ့ပြန်မှုများလုပ်ဆောင်လာနိုင်သည်ကိုတွေ့ရှိရပါသည်။ ထို့ကြောင့် အယ်လ်ဘေးနီးယား အနေဖြင့် ကိုဆိုဗိုနှင့် ပြန်လည်ပေါင်းစည်းမည့်အစီအစဉ်အား ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် တင်းမာမှုများ မဖြစ်ပေါ်စေရေးအတွက် ရုရှားနှင့် စေ့စပ်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားရန်လိုအပ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
ကိုဆိုဗိုနှင့် ပြန်လည်ပေါင်းစည်းရေး ပြုလုပ်သွားမည့် အယ်လ်ဘေးနီးယားဝန်ကြီးချုပ်၏ အစီအစဉ်ကို ဆန့်ကျင်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ခြင်း
TASS; Oct-11 (Mon)
ရုရှားအစိုးရသည် ကိုဆိုဗိုနှင့် ပြန်လည်ပေါင်းစည်းရေး ပြုလုပ်သွားမည့် အယ်လ်ဘေးနီးယားဝန်ကြီးချုပ် အဒီရာမာ (Edi Rama) ၏ အစီအစဉ်ကို လုံးဝ လက်ခံသွားမည်မဟုတ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာ (Maria Zakharova) က အောက်တိုဘာလ ၁၁ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့ပါသည်။ ‘ ကြီးမြတ်သော မဟာအယ်ဘေးနီးယား’ (Greater Albania) နိုင်ငံ အဖြစ် တည်ထောင်မည့် ၎င်း အစီအစဉ်သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၁၂၄၄ ပါ ပြဌာန်းချက်များနှင့် ဆန့်ကျင်လျက်ရှိပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေနိုင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါ သည်။ အထူးသဖြင့် အဆိုပါ ပြန်လည်ပေါင်းစည်းရေး အစီအစဉ်သည် ကိုဆိုဗိုအခြေချ နေထိုင်သူများဆိုင်ရာ အခြေခံမူများကိုလည်း ချိုးဖောက်လျက်ရှိကြောင်း ဇာခါရိုဗာက ပြောကြားခဲ့ပါသည်။
ဆားဘီးယားနှင့် အယ်လ်ဘေးနီးယားနိုင်ငံတို့သည် ဘုံဈေးကွက်တစ်ခု ဖန်တီး တည်ဆောက်ရေးနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် အားထုတ် ကြိုးပမ်းလျက်ရှိရာ ‘ ကြီးမြတ်သော မဟာအယ်ဘေးနီးယား’ နိုင်ငံအဖြစ် တည်ထောင် မည့် အစီအစဉ်ကြောင့် နှစ်နိုင်ငံလုပ်ငန်းစဉ်အပေါ် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လာနိုင် ကြောင်း ဇာခါရိုဗာက ပြောကြားခဲ့ပါသည်။ ကိုဆိုဗိုနိုင်ငံတည်ထောင်ရေး စီမံကိန်း သည် ရန်စသည့် လုပ်ရပ်ဖြစ်သည့်အတွက် အနောက်နိုင်ငံများအနေဖြင့် သင့်လျော်သည့် တုံ့ပြန်မှုများ ပြုလုပ်ပေးရန် ရုရှားအစိုးရက မျှော်လင့်လျက်ရှိပါသည်။ ထို့ပြင် ၎င်းတို့ သည် နိုင်ငံတကာ ဥပဒေနှင့်အညီ ကိုယ်ပိုင် ‘ဆားဘီးယားကမ္ဘာ’ (Serbia World) အဖြစ် တည်ထောင်လျက်ရှိသော ဆားဘီးယားအစိုးရအပေါ် ဆန့်ကျင်ဝေဖန်မှုများ ပြုလုပ်လျက်ရှိစဉ်အတွင်း ကိုဆိုဗိုနှင့် ပြန်လည်ပေါင်းစည်းရေး ပြုလုပ်သွားမည့် အစီအစဉ်ကို ထုတ်ဖော်ပြောကြားခဲ့သည့်အတွက် ရုရှားအနေဖြင့် အလွန်အံ့ဩမိသည်ဟု ဇာခါရိုဗာက ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment