Alarabiya; Oct-27 (Wed)
အာမေးနီးယားအနေဖြင့် တူရကီနှင့် ကောင်းမွန်သည့် ဆက်ဆံရေးတည်ဆောက် လိုပါက တင်းမာလျက်ရှိသည့် အဇာဘိုင်ဂျန်နှင့်ဆက်ဆံရေးကို ကောင်းမွန်အောင် ဦးစွာ လုပ်ဆောင်သင့်ကြောင်း တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က အောက်တိုဘာလ ၂၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ပထမ ကမ္ဘာစစ်အတွင်း၌ အာမေးနီးယားလူမျိုးများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှု ကြောင့် အာမေးနီးယားနှင့် တူရကီအကြား သံတမန်ဆက်ဆံရေးတည်ဆောက်ထား ခြင်းမရှိဘဲ ရန်လိုသည့်သမိုင်းကြောင်းများသာရှိခဲ့ပါသည်။ အာမေးနီးယားနှင့် အဇာဘိုင်ဂျန် တို့သည် နာဂေါ်နို-ကရာဘတ်ခ်ဒေသ နယ်မြေအငြင်းပွားမှုနှင့်စပ်လျဉ်း၍ ပဋိပက္ခဖြစ်ပွား လျက်ရှိရာ တူရကီအနေဖြင့် အဇာဘိုင်ဂျန်အပေါ် ထောက်ပံ့ကူညီမှုများ လုပ်ဆောင် ပေးခဲ့ခြင်းကြောင့် ၎င်းတို့အကြား တင်းမာလျက်ရှိသည့်ဆက်ဆံရေးမှာ တစ်စထက်တစ်စ ပိုမိုဆိုးရွားလာခဲ့ပါသည်။
No comments:
Post a Comment