လစ်သူရေးနီးယားနိုင်ငံအနေဖြင့် တရားမဝင်ရွှေ့ပြောင်းအခြေချသူများ ဝင်ရောက် လာမှုမြင့်တက်နေစဉ်အတွင်း ဘီလာရုစ်နိုင်ငံနှင့်ထိစပ်လျက်ရှိသည့် ၎င်း၏နယ်စပ်သို့ တစ်ရက်လျှင် စစ်ဘက်တပ်ဖွဲ့ဝင် ၆၄ ဦးအထိ စေလွှတ်တပ်ဖြန့်ချထားလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီး အက်နီဘီလိုတိုင်တီ (Agne Bilotaite) က အောက်တိုဘာလ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ လစ်သူရေးနီးယားနယ်ခြားစောင့်တပ်ဖွဲ့များကို အထောက်အကူ ဖြစ်စေရန်ရည်ရွယ်၍ စစ်ဘက်တပ်ဖွဲ့ဝင်များကိုစေလွှတ်ပေးရန် အကူအညီတောင်းခံ ခဲ့ခြင်းဖြစ်ကြောင်း ဘီလိုတိုင်တီက ပြောကြားခဲ့ပါသည်။ လစ်သူရေးနီးယားစစ်ဘက်သည် နယ်စပ်ဒေသခြိမ်းခြောက်မှုများအပေါ် ကိုင်တွယ်ဖြေရှင်းရာ၌ လိုအပ်သည့်ကူညီထောက်ပံ့မှု များကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ခဲ့ပါသည်။ အဆိုပါစစ်ဘက်တပ်ဖွွဲ့များအား နယ်စပ်ဒေသ၌ ဒီဇင်ဘာလ ၃၁ ရက်အထိ တပ်ဖြန့်ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment