Libyan Express; Oct- 17 (Sun)
ဗြိတိန်စစ်ဘက်သည် တူရကီနိုင်ငံထုတ် မောင်းသူမဲ့လေယာဉ်များအား ဝယ်ယူရန် စဉ်းစားသုံးသပ်နေဖွယ်ရှိကြောင်း အောက်တိုဘာလ ၁၆ ရက်တွင် တူရကီစက်မှုနှင့် နည်းပညာဝန်ကြီး မူစတာဖာဗာရန်း(Mustafa Varank) က ထုတ်ပြန်ပြောကြားခဲ့ပါ သည်။ တူရကီနိုင်ငံ၊ မြို့တော် အစ္စတန်ဘူလ်(Istambul)၌ ယခုနှစ်အစောပိုင်းတွင် မောင်းသူမဲ့လေယာဉ်များအားထုတ်လုပ်ခဲ့ပြီးနောက် ဗာရန်း၏ အထက်ပါထုတ်ပြန်ချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်ပါသည်။ ဗြိတိန်စစ်ဘက်အနေဖြင့် တူရကီမောင်းသူမဲ့လေယာဉ် များအပေါ် လွန်စွာစိတ်ဝင်စားလျက်ရှိပြီး မကြာမီအချိန်အတွင်း တူရကီနိုင်ငံထုတ် Bayraktars နှင့် Ankas အမျိုးအစား မောင်းသူမဲ့လေယာဉ်များကို ဝယ်ယူသွားနိုင်ဖွယ် ရှိကြောင်း ဗာရန်းက ခန့်မှန်းပြောကြားခဲ့ခြင်းဖြစ်ပါသည်။
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွင်း ဆီးရီးယားနှင့် လစ်ဗျားနိုင်ငံတို့၌ဖြစ်ပွား ခဲ့သော ပဋိပက္ခစစ်ပွဲများနှင့် နာဂါနို-ကာရာဘတ် စစ်ပွဲများတွင် တူရကီနိုင်ငံထုတ် မောင်းသူမဲ့လေယာဉ်များကို ထိရောက်စွာအသုံးပြုနိုင်ခဲ့ပြီး အကျိုးကျေးဇူးများစွာရရှိခဲ့ သောကြောင့် ကမ္ဘာနိုင်ငံများအကြား နာမည်ကြီးခဲ့ပြီး လူကြိုက်အများဆုံးစစ်လက်နက် ပစ္စည်းဖြစ်ခဲ့ပါသည်။ ထို့နောက် ယူကရိန်း၊ ပိုလန်၊ ဆော်ဒီအာရေဗျ၊ အီရတ်၊ မော်ရိုကိုနှင့် အယ်လ်ဘေးနီးယားနိုင်ငံများအပါအဝင် အခြားသောကမ္ဘာ့နိုင်ငံအများအပြားသည် တူရကီ နိုင်ငံထုတ် Bayraktar TB2 အမျိုးအစား မောင်းသူမဲ့လေယာဉ်များအားဝယ်ယူရန် တောင်းဆို ခဲ့ကြပါသည်။ တူရကီပြည်တွင်းရှိ လက်နက်ထုတ်စက်ရုံများသည် မောင်းသူမဲ့လေယာဉ် များကို တိုးမြှင့်ထုတ်လုပ်ခဲ့ကြပြီး တန်ဖိုးနှုန်းထားများကိုလည်း တိုးမြှင့်သတ်မှတ်ခဲ့ ပါသည်။ တူရကီနိုင်ငံ၏ ကာကွယ်ရေးနှင့် လေယာဉ်ထုတ်လုပ်တင်ပို့မှုတန်ဖိုးမှာ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံရှိခဲ့ရာမှ ယခုနှစ်၏ ပထမ ၃ လတာကာလအတွင်း အမေရိကန်ဒေါ်လာ ၂.၁ ဘီလီယံရရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၃၉ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment