Friday, October 8, 2021

ကုန်ဈေးနူန်းများမြင့်တက်ခြင်းကို ထိရောက်စွာဖြေရှင်းသွားမည်ဟု တူရကီသမ္မတပြောကြားခဲ့ခြင်း

 

Turkishminute; Oct-4 (Mon)

တူရကီနို်ငငံအတွင်း ကုန်စျေးနူန်းနှစ်ဆခန့်မြင့်တက်လျက်ရှိပြီး ၎င်းကိစ္စအား ကုစားရန် နိုင်ငံတစ်ဝန်း၌ အစိုးရသမဝါယမအသင်းမှ ကုန်စုံဆိုင်ပေါင်း ၁၀၀၀ ထိအသစ်ထပ်မံဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၃ ရက်တွင် တူရကီသမ္မတ  ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ညွှန်ကြားခဲ့ပါသည်။ အဆိုပါ ကုန်စုံဆိုင်များတွင် အရည်အသွေးကောင်းမွန်သော ကုန်ပစ္စည်းများကို ဈေးနူန်းသက်သာစွာဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ ဆောင်ရွက်ခြင်းအားဖြင့် ကုန်ဈေးနူန်းမြင့်တက်ခြင်းများကို ထိန်းချုပ်သွားနိုင်မည် ဖြစ်ကြောင်း အာဒိုဂန်က ထပ်လောင်း ပြောကြားခဲ့သည်။ ထို့ပြင် တူရကီအစိုးရအနေဖြင့် ကုန်ပစ္စည်းများ တန်ဖိုးမြှင့်တင်ရောင်းချသော ဆိုင်များကိုလည်း စတင် စုံစမ်းစစ်ဆေးလျက် ရှိပါသည်။

အဆိုပါ ကုန်ဈေးနူန်းများမြင့်တက်ခြင်းသည် အစိုးရ၏ စီးပွားရေးဆိုင်ရာစီမံ ခန့်ခွဲမှုအားနည်းခြင်းကြောင့်သာ ဖြစ်ကြောင်းနှင့် ကုန်စုံဆိုင်များ ဖွင့်လှစ်ပေးခြင်းသည်လည်း မှန်ကန်သော ဖြေရှင်းနည်းမဟုတ်ကြောင်း စီးပွားရေးဆိုင်ရာပညာရှင်များက ဝေဖန်ပြောကြားခဲ့ပါသည်။ တူရကီအစိုးရအနေဖြင့် လုပ်အားခများတိုးမြင့်ပေးခြင်းနှင့် တူရကီငွေကြေး တန်ဖိုးကျဆင်းမှုများကို တားဆီးပေးနိုင်သော ငွေကြေးဆိုင်ရာ စည်းမျဉ်းများ ရေးဆွဲခြင်းသာလျင် အကျိုးရှိသော ဆောင်ရွက်ချက်တစ်ခုဖြစ်နိုင်ကြောင်း ရာလိုဗာ (Yalova) တက္ကသိုလ်၏ တွဲဖက်ပါမောက္ခ ဘာကီဒီမီရယ် (Baki Demirel) က မှတ်ချက်ပြု ပြောကြားခဲ့သည့်ဟု သိရှိရပါသည်။

 https://www.turkishminute.com/2021/10/04/ogan-promises-to-open-1000-supermarkets-to-combat-high-prices/

No comments:

Post a Comment