အက်စတိုးနီးယားနိုင်ငံသည် ဒေသတွင်း ရုရှားနိုင်ငံ၏လုပ်ဆောင်မှုများအပေါ် တုံ့ပြန်သည့်အနေဖြင့် အတွဲလိုက်ပစ်ဒုံးကျည်စနစ် (Multiple Launch Rocket Systems- MLRS)၊ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်များ၊ ကမ်းရိုးတန်းကာကွယ်ရေး ဒုံးကျည်စနစ်များ၊ မောင်းသူမဲ့နှင့် ဆိုက်ဘာကာကွယ်ရေးစွမ်းဆောင်ရည်များကို ဖွံ့ဖြိုး တိုးတက်အောင်ကြိုးပမ်းလျက်ရှိကြောင်း Defensenews သတင်းဌာနက အောက်တိုဘာလ ၆ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ အက်စတိုးနီးယားနိုင်ငံ၏ အမျိုးသားကာကွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်အရ ၂၀၁၇-၂၀၂၆ ခုနှစ်အတွက် တာတိုနှင့် တိုလတ်ပစ် လေကြောင်းရန်ကာကွယ်ရေးစနစ်တစ်ခုအား ဝယ်ယူအသုံးပြုသွားရန်စီစဉ်ထားရှိပါသည်။ ထို့ပြင် နိုင်ငံ၏စစ်လက်နက်ပစ္စည်းတီထွင်ထုတ်လုပ်ရေးအတွက် အမေရိကန်နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ကာလီလာနတ် (Kalle Laanet) က ထုတ်ဖော်ပြောကြားခဲ့ပါသည်။ အက်စတိုးနီးယားနိုင်ငံသည် MLRS စနစ်များအား လတ်ဗီးယား၊ လစ်သူရေးနီးယားနိုင်ငံတို့နှင့်အတူ ဝယ်ယူအသုံးပြုသွားမည်ဖြစ်ကြောင်း ဝါဆောလုံခြုံရေးဖိုရမ် (Warsaw Security Forum) ၌ ထုတ်ဖော်ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment