ဂရိနိုင်ငံသည် စစ်သင်္ဘောများလွှဲပြောင်းပေးရေးဆိုင်ရာ သဘောတူညီချက် တစ်ရပ်အား နယ်သာလန်နိုင်ငံနှင့်လက်မှတ်ရေးထိုးခဲ့ကြောင်း ပြင်သစ်အခြေစိုက် စစ်ဘက်သတင်းအရင်းအမြစ်များက အောက်တိုဘာလ ၃၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါသဘောတူညီချက်အရ M-class အမျိုးအစား ဖရီးဂိတ်စစ်သင်္ဘော ၂ စီးနှင့် Alkmaar-class အမျိုးအစား မိုင်းတန်ပြန်တိုက်ခိုက်ရေးစစ်ရေယာဉ် (MCMV) ၆ စီး တို့အား နယ်သာလန်တော်ဝင်ရေတပ်မှ ဂရိရေတပ်ထံ လွှဲပြောင်းပေးအပ်သွားမည်ဖြစ် ကြောင်း သတင်းအရင်းအမြစ်များက ဖော်ပြခဲ့ပါသည်။ ၎င်းသဘောတူညီချက်အား ဂရိကာကွယ်ရေးပစ္စည်းဝယ်ယူရေးအေဂျင်စီ (GDDIA) ၏ အထွေထွေညွှန်ကြားရေးမှူး အေရစ်တီဒစ်အဲလက်စ်ဆိုပိုလို့စ် (Aristeidis Alexopoulos) နှင့် နယ်သာလန်ကာကွယ်ရေး ပစ္စည်းဆိုင်ရာအဖွဲ့အစည်း (DMO) ၏ ညွှန်ကြားရေးမှူး အေရီဂျန်ဒီဝါရက် (Arie Jan de Waard) တို့က ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တွင်ကျင်းပသည့် နေတိုးလက်နက် တပ်ဆင်ရေးညွှန်ကြားရေးမှူးများညီလာခံ (CNAD) ၌ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment