တူရကီနိုင်ငံအနေဖြင့် နိုင်ဂျီးရီးယားနှင့် စွမ်းအင်ဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံရေး ဆိုင်ရာကိစ္စရပ်များအပါအဝင် ကာကွယ်ရေးနှင့် ကုန်သွယ်ရေးကဏ္ဍတို့တွင် ပူးပေါင်း ဆောင်ရွက်မှုများတိုးမြှင့်သွားရန် ရည်မှန်းထားကြောင်း နိုင်ဂျီးရီးယားနိုင်ငံဆိုင်ရာ တူရကီ သံအမတ် ဟီဒါယက်ဘေရက်တာ (Hidayet Bayraktar) က အောက်တိုဘာလ ၁၉ ရက်၌ ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံအကြားတွင် အပြုသဘောဆောင်သည့်ဆက်ဆံရေးများ နှင့် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်သွားရန်လိုလားကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ထို့ပြင် တူရကီနှင့် နိုင်ဂျီးရီးယားနိုင်ငံတို့သည် နိုင်ငံရေးကိစ္စရပ်များ အပါအဝင် စီးပွားရေးကဏ္ဍမှကာကွယ်ရေးကဏ္ဍအထိလည်းကောင်း၊ စွမ်းအင်ကဏ္ဍမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များထိတိုင် အမျိုးမျိုးသောကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်လျက်ရှိသည်ဟု ဘေရက်တာက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment