Dailysabah; Oct-26 (Tue)
တူရကီနိုင်ငံရှိ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကုမ္ပဏီ Kalyon PV ၏ အထောက် အပံ့ဖြင့် ဒီဇင်ဘာလ ၁၀ ရက်တွင် ကျင်းပမည့် (၅) ကြိမ်မြောက် စီးပွားရေးဆိုင်ရာ ထိပ်သီးအစည်းအဝေးကို “Green Economy” ခေါင်းစဉ်ဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။ အဆိုပါအစည်းအဝေးတွင် စီးပွားရေးနယ်ပယ်မှ ထင်ရှားသောပုဂ္ဂိုလ်များနှင့် စီးပွားရေး ဆိုင်ရာ အစိုးရအရာရှိများကို ဖိတ်ကြားသွားမည်ဖြစ်သည်။ ၎င်းအစည်းအဝေး၌ ရေရှည် ခိုင်မြဲသောဖွံ့ဖြိုးတိုးတက်မှုတွင် ကာဗွန်လျှော့ချရေးနှင့်စပ်လျဉ်း၍ အစိမ်းရောင်စီးပွားရေး စနစ်၏အရေးပါပုံ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွင် ကမ္ဘာ့ပြောင်းလဲမှုဖြစ်စဉ်၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နှောင့်နှေးလျက်ရှိသည့် ကုန်ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုအခြေအနေများနှင့် ဒစ်ဂျစ်တယ်စိုက်ပျိုးရေးစနစ်ခေါင်းစဉ်များအား ဆွေးနွေးသွားမည်ဖြစ်ပါသည်။
စီးပွားရေးဆိုင်ရာထိပ်သီးအစည်းအဝေး ဥက္ကဋ္ဌ ခါဆက်တွစ်မန်း (Kursad Tuzmen) သည် ဥရောပသမဂ္ဂအစိမ်းရောင်သဘောတူစာချုပ်အပေါ် ကိုင်တွယ်ဖြေရှင်း ခဲ့ပြီး အဆိုပါဆောင်ရွက်ချက်သည် မဟာဗျူဟာမြောက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပုံစံဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အစိမ်းရောင်သဘောတူညီချက်နှင့်အတူ ဖြစ်ပေါ်လာမည့် အခွင့်အလမ်းများကို ဆန်းစစ်နိုင်ရန်နှင့် စွန့်စားမှုအန္တရာယ်များကို လျှော့ချသွားရန်အတွက် လမ်းပြမြေပုံများလိုအပ်ကြောင်း တွစ်မန်းက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment