Report News Agency; Feb-13(Mon)
အဇာဘိုင်ဂျန်နှင့် တူကီယဲနှစ်နိုင်ငံအကြား ဝင်ငွေခွန်နှစ်ထပ်ကောက်ခံမှုနှင့် အခွန်ရှောင်မှုများအားတားဆီးခြင်းဆိုင်ရာ သဘောတူညီချက်မူကြမ်းသစ်အတွက် ဆွေးနွေး ညှိနှိုင်းမှုများကို တူကီယဲနိုင်ငံ၊ အန်ကာရာမြို့၌ ပြုလုပ်ခဲ့ကြောင်း အဇာဘိုင်ဂျန်စီးပွားရေး
ဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံတော်အခွန်ဝန်ဆောင်မှုဌာန၏ အစီရင်ခံစာအားကိုးကား၍ Report
News Agency သတင်းဌာနက
ဖော်ပြခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ အခွန် ဌာနမှ ကျွမ်းကျင်သူများ၊ အဇာဘိုင်ဂျန်နိုင်ငံမှ ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကိုယ်စားလှယ် များနှင့် တူကီယဲအခွန်ဦးစီးဌာနမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးမှုများ အတွင်း တူကီယဲနိုင်ငံနှင့် သဘောတူညီချက်အသစ်အတွက် စေ့စပ်ညှိနှိုင်းမှုများ စတင်ခြင်း သည် နှစ်နိုင်ငံစလုံးအတွက် အလွန်ပင်အရေးကြီးကြောင်း နိုင်ငံတော်အခွန်ဝန်ဆောင်မှု ဌာန၏ နိုင်ငံတကာအခွန်နှင့် အခွန်စောင့်ကြည့်ရေးဌာန လက်ထောက်အကြီးအကဲ ဂျိမ်းဟူနင်စမိုင်းလာဖ် (Jeyhun Ismayilov) က အလေးပေးပြောကြားခဲ့ပါသည်။
အဆိုပါသဘောတူညီချက်အသစ်ကို လက်မှတ်ရေးထိုးပါက ရင်းနှီးမြှုပ်နှံသူများ
အတွက် အခွင့်သာသောအခြေအနေများ ဖန်တီးပေးမည်ဖြစ်ပြီး သတင်းအချက်အလက် ဖလှယ်ခြင်းနှင့် အခွန်ကြွေးများ စုဆောင်းခြင်းတို့တွင် ထိရောက်သော အပြန်အလှန် ဆက်ဆံရေးများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ၎င်းကမှတ်ချက်ပြုခဲ့ပါသည်။ သုံးရက်ကြာ ဆွေးနွေးမှုရလဒ်အရ အခွန်အကောက်ဆိုင်ရာ သဘောတူညီချက်မူကြမ်းပါ ပြဋ္ဌာန်းချက် အားလုံးအပေါ် သဘောတူညီချက်တစ်ရပ် ရရှိခဲ့ပါသည်။ အပြန်အလှန်နားလည်မှုဖြင့် ချစ်ကြည်ရင်းနှီးစွာကျင်းပခဲ့သည့် အဆိုပါဆွေးနွေးပွဲများအတွင်း ထင်ရှားသောကိစ္စရပ် များကို အချိန်တိုအတွင်း သဘောတူညီချက်တစ်ရပ်ရရှိရန် ဘဏ်အားလုံးက သဘော တူညီခဲ့ကြကြောင်းသိရှိရပါသည်။
Ref; Azerbaijan, Turkiye discuss new double
taxation avoidance agreement
No comments:
Post a Comment