တူကီယဲသည် ဥရောပနိုင်ငံများတွင် ကုရ်အာန်ကျမ်းမီးရှို့ဆန္ဒပြမှုအပေါ် လက်တုံ့ပြန် ဆောင်ရွက်နိုင်မှုအလားအလာနှင့်စပ်လျဉ်း၍ အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်ထားကြောင်း
Xinhua သတင်းဌာနက ဖေဖော်ဝါရီလ ၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ ထို့ကြောင့်
ဂျာမနီနှင့် အီတလီနိုင်ငံတို့သည် တူကီယဲနိုင်ငံ၊
အစ္စတန်ဘူလ် (Istanbul) မြို့ရှိ ၎င်းတို့၏ ကောင်စစ်ဝန်ရုံးများကို
လုံခြုံရေးဆိုင်ရာစိုးရိမ်မှုများကြောင့် ယာယီပိတ်ထားရသည့် အနောက် နိုင်ငံများစာရင်းတွင် ပါဝင်လာခဲ့ပါသည်။
အစ္စတန်ဘူလ်ရှိ ဂျာမနီကောင်စစ်ဝန်ရုံးကို လုံခြုံရေးဆိုင်ရာစိုးရိမ်မှုများကြောင့်
ဖေဖော်ဝါရီလ ၁ ရက်တွင် ပိတ်သိမ်းထားခဲ့ကြောင်း မြို့တော် အန်ကာရာ (Ankara) ရှိ ဂျာမနီသံရုံးက
လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန် ကြေညာခဲ့ပါသည်။ ထို့အတူ
အစ္စတန်ဘူလ်ရှိ အီတလီကောင်စစ်ဝန်ချုပ်ကလည်း ဖေဖော်ဝါရီလ ၂ ရက်တွင် ကောင်စစ်ဝန်ရုံးကို
ပိတ်ထားမည်ဖြစ်ကြောင်း ၎င်း၏ ဝဘ်ဆိုက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment