Tuesday, February 7, 2023

ဆားဘီးယားနှင့်ဟန်ဂေရီနိုင်ငံတို့သည် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးသဘောတူလက်မှတ်ရေးထိုးခဲ့ခြင်း

ဆားဘီးယားနှင့်ဟန်ဂေရီနိုင်ငံတို့သည် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဖေဖော်ဝါရီလ ၇ ရက်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ကြကြောင်း Anadolu Agency သတင်း ဌာနက ဖေဖော်ဝါရီလ ၈ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ အဆိုပါ သဘောတူညီ ချက်အား ဆားဘီးယားနိုင်ငံသို့ အလည်အပတ်ရောက်ရှိလျက်ရှိသော ဟန်ဂေရီနိုင်ငံခြားရေး ဝန်ကြီး ပီတာဆီဂျာတို (Peter Szijjarto) နှင့် ဆားဘီးယားသတ္တုမိုင်းတွင်းနှင့် စွမ်းအင်ဝန်ကြီး ဒူဘရဗ်ကာဒီဂျတ်ဒိုဗစ် (Dubravka Djedovic) တို့မှ ဘယ်လ်ဂရိတ် (Belgrade) မြို့၌ တွေ့ဆုံဆွေးနွေးမှုအတွင်း အထက်ပါအတိုင်း လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် နှစ်နိုင်ငံအနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း နှစ်နိုင်ငံအကြား စွမ်းအင်ကဏ္ဍအပါအဝင် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများ အဖြစ် မြှင့်တင်လုပ်ဆောင်ရေးနှင့်စပ်လျဉ်း၍ ပူးတွဲသဘောတူညီချက်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့သည်ဟု သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရပါသည်။

No comments:

Post a Comment