တူကီယဲနိုင်ငံအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးခိုင်မာအားကောင်းစေရေးအတွက် ရှင်ကျန်းဒေသနှင့် ဆက်နွှယ်လျက်ရှိသည့် တရုတ်နိုင်ငံ၏ စိုးရိမ်ပူပန်မှုများကို ဖြေရှင်း သွားရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန် (Qin Gang) က တူကီယဲနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) နှင့် တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ် ဆွေးနွေးစဉ် တိုက်တွန်းပြောကြားခဲ့ကြောင်း CGTN သတင်းဌာနက ဖေဖော်ဝါရီလ ၃ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုအတွင်း တရုတ်နှင့် တူကီယဲနိုင်ငံတို့၏ ခိုင်မာသောဆက်ဆံရေးသည် နှစ်နိုင်ငံပြည်သူများကို အကျိုးပြုရုံသာမက ဖွံ့ဖြိုးဆဲနိုင်ငံ များ၏ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန် အထောက်အကူဖြစ်စေ ကြောင်း ကာဗူဆိုဂလူ က ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံသည် နှစ်နိုင်ငံခေါင်းဆောင် များအကြား ရရှိထားသည့် သဘောတူညီမှုများကို တူကီယဲနိုင်ငံနှင့်အတူ အကောင် အထည်ဖော်ဆောင်ရွက်ရန် လိုလားလျက်ရှိကြောင်း ချင်ဂန် က ဆွေးနွေးပြောကြား ခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment