Saturday, February 4, 2023
အမေရိန်သမ္မတသည် ပိုလန်သို့သွားမည်ဆိုခြင်း
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) သည် ပိုလန်နိုင်ငံသို့ သွားရောက် မည်ဖြစ်ကြောင်း ပိုလန်သမ္မတ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြံပေးပုဂ္ဂိုလ် မာစင်ပါဇီဒက်ဇ် (Marcin Przydacz) က ဖေဖော်ဝါရီလ ၄ ရက်တွင် ပြောကြားခဲ့သည်ဟု Reuters သတင်းဌာနက ဖော်ပြခဲ့ပါသည်။ သမ္မတ ဘိုင်ဒင်အနေဖြင့် ပိုလန်သမ္မတ အန်ဒရေးဒူဒါ (Andrzej Duda) ၏ ဖိတ်ကြားချက်အား အပြုသဘောဆောင်သည့်အနေဖြင့် သွားရောက် မည်ဖြစ်ကြောင်းနှင့် အမေရိကန်အနေဖြင့်လည်း ပိုလန်သို့လာရောက်မည့်ခရီးစဉ်၏ ရက်စွဲအားအချိန်နှင့်တစ်ပြေးညီထုတ်ပြန်ကြေညာသွားမည်ဟု သဘောတူထားပြီးဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ ထို့ပြင် ပိုလန်အနေဖြင့် ဘိုင်ဒင် လာရောက်မည့်ခရီးစဉ်အတွက် အမေရိကန်ဘက်မှ မျှော်မှန်းချက်များနှင့် ပိုလန်ဘက်မှ မျှော်မှန်းချက်များ ကိုက်ညီမှုရှိစေရေးအတွက် ပြင်ဆင်မှုများလုပ်ဆောင်နေကြောင်း ပါဇီဒက်ဇ်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment