The National news; Feb-13(Mon)
ဆီးရီးယားသမ္မတ ဘတ်ရှာအယ်လ် အာဆတ် (Bashar
Al Assad) က
တူကီယဲနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးပို့နိုင်ရန်
အတွက် ဆီးရီးယားနှင့် တူကီယဲနိုင်ငံကြားရှိ
နယ်စပ်ဂိတ် ၃ ခုအား ၃လကြာ ပြန်လည် ဖွင့်လှစ်ပေးသွားရန်
သဘောတူညီခဲ့ကြောင်း ကုလသမဂ္ဂက ဖေဖော်ဝါရီလ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။
တူကီယဲနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ အချိန်နှင့်တစ်ပြေးညီပေးပို့နိုင်ရန်အတွက် ဆီးရီးယားနိုင်ငံ
အနောက်မြောက်ဘက်မှ တူကီယဲနိုင်ငံသို့ ဖြတ်ကျော်ဝင်ရောက်သည့် ဘတ်အယ်လ်ဟာဝါ (Bab Al Hawa)၊ ဘတ်အယ်လ်ဆာလမ် (Bab Al
Salam) နှင့်
အယ်လ်ရာအီ (Al Ra'ee) နယ်စပ်ဂိတ်များ ကိုလည်း
မကြာမီအချိန်အတွင်း ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အာဆတ်က ပြောကြားခဲ့ပါသည်။
ကုလသမဂ္ဂမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ် ခဲ့ပြီးနောက်
အာဆတ်အနေဖြင့် အထက်ပါအတိုင်း သဘောတူညီမှုပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း
ကုလသမဂ္ဂဆိုင်ရာ ဆီးရီးယားသံအမတ်ကြီး ဘက်ဆန်ဆာဘတ်ချ် (Bassam Sabbagh) က ပြောကြားထားပါသည်။
တူကီယဲအစိုးရအနေဖြင့်လည်း ဆီးရီးယားနှင့် ၎င်းတို့နိုင်ငံအကြားရှိ နယ်စပ် ဂိတ်များအား
ပြန်လည်ဖွင့်လှစ်ရန်အတွက် အသင့်ပြင်ဆင်ပြီးဖြစ်ကြောင်း ကုလသမဂ္ဂ ဆိုင်ရာ
တူကီယဲသံအမတ်ကြီး ဖယ်ရီဒင်ဆန်နီလီယိုဂူလ် (Feridun
Sinirlioglu) က
ပြောကြားထားပါသည်။ ၎င်းကဲ့သို့ ဆီးရီးယားနှင့် တူကီယဲနိုင်ငံအကြား နယ်စပ်ဂိတ် များအား
ပြန်လည်ဖွင့်လှစ်ပေးခြင်းကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လွယ်ကူလျင်မြန်စွာဖြင့်
ပေးပို့သွားနိုင်မည်ဖြစ်သည့်အပြင် ပိုမိုလွယ်ကူစွာဖြင့်
ခရီးသွားလာနိုင်မည်ဖြစ်ကြောင်းနှင့် နယ်စပ်ဂိတ်များအား ပြန်လည်ဖွင့်လှစ်ပေးရန်
သဘောတူညီခဲ့သည့် သမ္မတ အာဆတ်၏ ဆုံးဖြတ်ချက်အားလည်း ကြိုဆိုထောက်ခံ ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်
အန်တိုနီယိုဂူတာရက်စ် (Antonio Guterres ) က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment