ဟန်ဂေရီနိုင်ငံသည် ယခုနှစ်နှောင်းပိုင်းတွင် အဇာဘိုင်ဂျန်နိုင်ငံထံမှ သဘာဝ ဓာတ်ငွေ့ ၁ ဘီလီယံကုဗမီတာမှ ၂ ဘီလီယံကုဗမီတာအထိ တင်သွင်းရန်ဆောင်ရွက် လျက်ရှိကြောင်း ဟန်ဂေရီနိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး ပီတာစီဂျာတို (Peter Szijjártó) က ထုတ်ပြန်ခဲ့ကြောင်း TASS သတင်းဌာနက ဖေဖော်ဝါရီလ ၁၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဇာဘိုင်ဂျန်နိုင်ငံထံမှ ဓာတ်ငွေ့ထောက်ပံ့မှုရရှိရန်အတွက် ဒေသတွင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ၏ စွမ်းဆောင်ရည်ကိုမြှင့်တင်ရန်လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ထို့ပြင် ဟန်ဂေရီနိုင်ငံအနေဖြင့် အဆိုပါဆောင်ရွက်ချက်တွင် ဥရောပ သမဂ္ဂ၏ဘဏ္ဍာရေးဆိုင်ရာ ကူညီထောက်ပံ့မှုအပေါ် အလေးထားကြောင်းကိုလည်း စီဂျာတိုက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment