Aljazeera;Jun-17(Wed)
တူရကီနိုင်ငံသည် ကာ့ဒ်သူပုန်အဖွဲ့အပေါ် ဆန့်ကျင်သည့် စစ်ဆင်ရေးတစ်ရပ်
ပြုလုပ်ရန် ဇွန်လ ၁၇ ရက်တွင် အီရတ်နိုင်ငံမြောက်ပိုင်းသို့ အထူးတပ်ဖွဲ့များ စေလွှတ်
တပ်ဖြန့်ခဲ့ပါသည်။ တူရကီတိုက်လေယာဉ်များသည် နိုင်ငံနယ်စပ်မှ ၁၅ ကီလိုမီတာ အကွာရှိ အီရတ်နိုင်ငံမြောက်ပိုင်း
ဟဖ်တာနင် (Haftanin) ဒေသအတွင်းရှိ ကာ့ဒ်သူပုန် အဖွဲ့၏ပစ်မှတ်
၁၅၀ ကျော်အား တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း တူရကီကာကွယ်ရေး ဝန်ကြီးဌာနက
ထုတ်ပြန်ခဲ့ပါသည်။ တူရကီနိုင်ငံသည် မကြာသေးမီရက်ပိုင်းမှစ၍ ဒုတိယအကြိမ်အဖြစ် ကာ့ဒ်သူပုန်အဖွဲ့အား
လေကြောင်းမှတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်။ ၎င်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ တူရကီနှင့်အီရတ်အစိုးရတို့အကြား
တင်းမာမှုများ မြင့်တက်လာနိုင်ဖွယ်ရှိပါသည်။
သုံးသပ်ချက်
တူရကီတိုက်လေယာဉ်များသည် ဟဖ်တာနင်
(Haftanin) ဒေသအတွင်းရှိ ကာ့ဒ် သူပုန်အဖွဲ့၏ပစ်မှတ် ၁၅၀ ကျော်အား တိုက်ခိုက်မှုများပြုလုပ်ပါသည်။
တူရကီနိုင်ငံ သည် မကြာသေးမီရက်ပိုင်းမှစ၍ ဒုတိယအကြိမ်အဖြစ်
ကာ့ဒ်သူပုန်အဖွဲ့အား အထက်ပါ အတိုင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်။ ကာ့ဒ်လူမျိုးများသည် အီရန်၊ အီရတ်၊ ဆီးရီးယား နှင့် တူရကီနိုင်ငံတို့၏
နယ်စပ်များတွင် အများစုနေထိုင်လျက်ရှိပြီး ၎င်းတို့နေထိုင် လျက်ရှိသည့် နယ်မြေများကိုစုပေါင်းကာ ကာ့ဒ်နိုင်ငံအဖြစ်
တည်ထောင်နိုင်ရေး ကြိုးပမ်း လျက်ရှိပါသည်။ ထို့ကြောင့် တူရကီသည် ကာ့ဒ်တပ်ဖွဲ့အား
အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကာ စစ်ရေးတိုက်ခိုက်မှုများ မကြာခဏပြုလုပ်လျက်ရှိပါသည်။
အမေရိကန် နိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသအတွင်း
စစ်သွေးကြွနှိမ်နင်းမှုစစ်ဆင်ရေးများတွင် ကာ့ဒ်တပ်ဖွဲ့များအား အဓိကထားအသုံးပြုခဲ့ပြီး
အီရန်၊ အီရတ်၊ ဆီးရီးယားနှင့် တူရကီ နိုင်ငံတို့၏ နယ်စပ်များကိုလည်း တည်ငြိမ်မှုမရှိစေရေးအတွက်
ကာ့ဒ်တပ်ဖွဲ့များအပေါ် လက်နက်များထောက်ပံ့ခြင်းနှင့်
စစ်သင်တန်းများပေးအပ်ခြင်းဖြင့် ကျောထောက်နောက်ခံ ပြုပေးခဲ့ပါသည်။ တူရကီနိုင်ငံသည် ၎င်း၏အထူးတပ်ဖွဲ့များအား အီရတ်နိုင်ငံမြောက်ပိုင်းသို့
အင်အားဖြည့်ထပ်မံပို့ဆောင်ခဲ့ခြင်းကြောင့် ကာ့ဒ်ဒေသအတွင်း စစ်ရေးပဋိပက္ခများ ပိုမို မြင့်တက်လာနိုင်ပါသည်။ ကာ့ဒ်တို့အား
ကျောထောက်နောက်ခံပြုထားသော အမေရိကန် အနေနှင့်လည်း ပြည်တွင်းရေးပဋိပက္ခများနှင့် တောင်တရုတ်ပင်လယ်အတွင်း
တင်းမာမှု မြင့်တက်နေခြင်းကိစ္စများကြောင့် အီရတ်မြောက်ပိုင်းရှိ ကာဒ့်တို့၏ လက်ရှိကြုံတွေ့နေ
ရသော စစ်ရေးကိစ္စရပ်များအပေါ် တုံ့ပြန်အရေးယူဆောင်ရွက်နိုင်ဖွယ်မရှိပါကြောင်း
သုံးသပ် တင်ပြအပ်ပါသည်။
No comments:
Post a Comment