Friday, June 19, 2020

ပိုလန်နှင့် အမေရိကန် တို့အကြားစစ်ရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအပြန်အလှန်ဆွေးနွေးခဲ့ကြခြင်း


TheFirstnews; Jun19(Fri)
              ပိုလန်နှင့် အမေရိကန်သမ္မတတို့အကြား ဇွန်လ ၂၄ ရက်တွင် အမေရိကန် နိုင်ငံ၌ ကျင်းပပြုလုပ်သည့်အစည်းအဝေးသည် နှစ်နိုင်ငံအကြား ကာကွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို အလေးထားဆွေးနွေးသွားရန်ဖြစ်ကြောင်း ပိုလန် သမ္မတ အန်ဒရေဒူဒါ (Andrej Duda) က ဇွန်လ ၁၈ ရက်တွင် ပြောကြားခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် ဂျာမနီနိုင်ငံတွင်တပ်ဖြန့်ချထားသည် ၎င်း၏တပ်ဖွဲ့ဝင် ၃၄,၅၀၀ ဦးမှ ၂၅,၀၀၀ ဦးအထိလျှော့ချသွားရန် စီစဉ်လျက်ရှိကြောင်းနှင့် အချို့သောတပ်ဖွဲ့ဝင်များ ကိုလည်း ပိုလန်နိုင်ငံသို့ ပြောင်းရွှေ့တပ်ဖြန့်သွားရန် စီစဉ်လျက်ရှိကြောင်း Wall street ဂျာနယ်က ဇွန်လအစောပိုင်းတွင်ဖော်ပြခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုတွင် ကုန်သွယ်ရေး သာမက နျူကလီးယားစွမ်းအင်သုံးစွဲမှုဆိုင်ရာကိစ္စရပ်များကိုလည်း ဆွေးနွေးသွားမည် ဖြစ်ပါသည်။ အမေရိကန်နိုင်ငံမှ ပိုလန်နိုင်ငံသို့ သဘာဝဓာတ်ငွေ့အရည် တင်သွင်းလျက် ရှိသည့် ဆွီနိုဂျက်စီ (Swinoujsice) မြို့ရှိဆိပ်ကမ်းသည် နိုင်ငံအတွင်းတစ်ခုတည်း သာရှိသည့်အတွက် နောက်ထပ်ဆိပ်ကမ်းတစ်ခုတည်ဆောက်သွားရန် စီစဉ်လျက်ရှိ ကြောင်းလည်း ၎င်းကပြောကြားခဲ့ပါသည်။
              ဆက်သွယ်ရေးဆိုင်ရာလုံခြုံမှု၊ 5G Network ဖွံ့ဖြိုးတိုးတက်လာမှုနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကိုလည်း ဆွေးနွေးသွားမည်ဖြစ်ပါသည်။ ပိုလန် နိုင်ငံ၏အကြီးဆုံးဘဏ်ဖြစ်သည့် PKO BP နှင့်ပူးပေါင်း၍ ခေတ်မီ Database စင်တာ တစ်ခုတည်ဆောက်သွားရန်ပိုလန်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံ သွားရန် ရည်ရွယ်ထားကြောင်း Microsoft Corporation မှကြေညာခဲ့ပါသည်။ ဇွန်လ ၂၈ ရက် တွင် ကျင်းပပြုလုပ်မည့် သမ္မတရွေးကောက်ပွဲတွင် အန်ဒရေဒူဒါ (Andrej Duda) သည် ပြန်လည်‌ရွေးကောက်ခံမည်ဖြစ်ပြီး သမ္မတ ထရမ့်နှင့်တွေ့ဆုံမှုသည် ပိုလန်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှုနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီး ဂျက်ဆီဇက်တိုဝစ်ဇ် (Jacuek Czaputowicz) နှင့် ကာကွယ်ရေးဝန်ကြီး မာရစ်ဇ်ဘလက်စ်ဇက် (Mariusz Blasz Czak)နှင့် အမျိုးသား လုံခြုံရေးအဖွဲ့အကြီးအကဲ ပါဝယ်လ်ဆိုလော့စ် (Pawl Solch)တို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

No comments:

Post a Comment