bloomberg;
Jun– 1(Mon)
ကိုရိုနာဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုကြောင့်
ကျဆင်းမှုများဖြစ်ပေါ်ခဲ့သည့် တူရကီ နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ ၄ နှစ်အတွင်း ပြန်လည်တည့်မတ်ရန်
တူရကီနိုင်ငံပိုင် ဘဏ်များမှ credit စနစ်ဖြင့် ချေးငွေအမြောက်အများပေးအပ်သွားမည်ဖြစ်ကြောင်း ဇွန်လ ၁ ရက်တွင်
ထုတ်ဖော်ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံပိုင် အကြီးဆုံးဘဏ် ၃ ခု အနေဖြင့်လည်း ချေးငွေစာချုပ်များ၊
ကားအရစ်ကျဝယ်ယူမှုများ၊ အိမ်အသုံးအဆောင် ပစ္စည်းများ အရစ်ကျဝယ်ယူခြင်းများ၊ ခရီးသွားလုပ်ငန်းများနှင့်
အခြားသောထုတ်ကုန် ပစ္စည်းတင်ပို့မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စွာလည်ပတ်နိုင်ရန်အတွက် ငွေကြေး ဖောင်းပွမှုနှုန်းအောက်
သက်သာသည့်အတိုးနှုန်းဖြင့် ချေးငွေပေးအပ်နိုင်ရေးစီစဉ်လျက် ရှိပါသည်။
အမေရိကန်ဒေါ်လာ ၇၅၀ ဘီလီယံရင်းနှီးမြှုပ်နှံထားသည့် ပြည်တွင်းစီးပွားရေး အင်အားစုနှင့် လုပ်ငန်းရှင်များအနေဖြင့်လည်း
ငွေသားရိုက်နှိပ်၍ ချေးငွေပေးအပ်မည့် အစီအစဉ်ထက်
credit စနစ်ဖြင့် ချေးငွေပေးအပ်ရေးအစီစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်မည့် အစိုးရတာဝန်ရှိသူများ၏ ဆုံးဖြတ်ချက်အပေါ်
မှီခိုအားထားလျက်ရှိ ပါသည်။ အဆိုပါ credit စနစ်ဖြင့် ချေးငွေပေးအပ်ခြင်းအစီအစဉ်သည် ဘဏ်လုပ်ငန်းရှင် များအတွက် အထောက်အပံ့တစ်ရပ်ဖြစ်စေသကဲ့သို့
ပုဂ္ဂလိကဘဏ်များမှ စီးပွားရေး လုပ်ငန်းရှင်များအပေါ် ပိုမိုချေးငှားမှုများလုပ်ဆောင်နိုင်မည့်
တွန်းအားတစ်ရပ်ဖြစ်စေ ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment