Wednesday, June 17, 2020
News Bar
တူရကီနိုင်ငံသည် ကာ့ဒ်အလုပ်သမားများပါတီ
(Kurdistan Workers’ Party-PKK) သူပုန်အဖွဲ့အား ချေမှုန်းရန်အတွက် အီရတ်နိုင်ငံမြောက်ပိုင်း၊
ဟက်ဖ်တာနင် (Haftanin) ဒေသတွင် Claw-Tiger အမည်ရှိ စစ်ဆင်ရေးသစ်တစ်ရပ်အား စတင်ခဲ့ ကြောင်း
တူရကီကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၁၇ ရက်တွင် ပြောကြားခဲ့ပါသည်။ PKK နှင့် အခြားသောအကြမ်းဖက်အဖွဲ့များအနေဖြင့် မကြာသေးမီက
တူရကီအခြေစိုက် စခန်းများနှင့် ရဲစခန်းများအားတိုက်ခိုက်ရန် ကြိုးပမ်းခဲ့သောကြောင့်
နိုင်ငံတကာဥပဒေ များကိုအခြေခံသည့် တူရကီနိုင်ငံ၏ တရားဝင်ကာကွယ်ပိုင်ခွင့်များအရ
Claw-Tiger စစ်ဆင်ရေးကို ဆောင်ရွက်လျက်ရှိခြင်းဖြစ်ကြောင်း Anadolu သတင်းဌာနက ဖော်ပြခဲ့
ပါသည်။ လက်ရှိအချိန်တွင် တူရကီတပ်ဖွဲ့ဝင်များသည် ATAK ရဟတ်ယာဉ်များ၊ တိုက်ခိုက်ရေးမောင်းသူမဲ့လေယာဉ်များနှင့် လေတပ်တို့၏အကူအညီဖြင့်
စစ်ဆင်ရေးကို ဆောင်ရွက်လျက်ရှိခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment