Tuesday, June 9, 2020
News Bar
အီရတ်ဝန်ကြီးချုပ်သစ် မူစတာဖာအယ်လ်ခါဒီမီ (Mustafa al-Kadhimi) နှင့် တူရကီသံအမတ် ဖာတီရစ်ဒစ်ဇ် (Fatih Yildiz) တို့သည် မေလ ၁၀ ရက်တွင် အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့၌ တေွ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြကြောင်း တူရကီဝန်ကြီးချုပ်ရုံးက မေလ ၁၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှုများတွင် ဝန်ကြီးချုပ်သစ် အယ်လ်ခါဒီမီသည် အီရတ်အနေဖြင့် ကဏ္ဍမျိုးစုံ၌ တူရကီနှင့် ၎င်းတို့အကြား မိတ်ဖက်ဆက်ဆံမှု များတိုးမြှင့်လုပ်ဆောင်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ပြောကြားထားပါသည်။ ထို့ပြင် ၎င်းသည် စီးပွားရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုကိုလည်း အလေးထား ထည့်သွင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Labels:
တူရကီ,
နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment