Presstv;
Jun 30 (Tue)
အီရန်သမ္မတ ဟာဆန်ရိုဟာနီ (Hassan Rouhani) သည် ရုရှားသမ္မတ
ဗလာဒီမာပူတင် (Vladimir Putin) ၊ တူရကီသမ္မတ
ရီဆက်တေးရစ်အာဒိုဂန် (Recep Tayyip Erdogan)တို့နှင့် ဆီးရီးယား၊ အာရပ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အခြေအနေများ
နှင့်ပတ်သက်၍ ဇူလိုင်လ ၁ ရက်တွင် ရုပ်/သံအစီအစဉ်မှတစ်ဆင့်
အထူးအစည်းအဝေး တစ်ရပ် ပြုလုပ်သွားမည်ဖြစ်ကြောင်း အီရန်သမ္မတရုံး၏ ဆက်သွယ်ရေး၊ သတင်း အချက်အလက်နည်းပညာဌာနမှ လက်ထောက်အကြီးအကဲ
အလီရီဇာမိုဇီ (Alireza Moezi)က ၎င်း၏တွစ်တာစာမျက်နှာပေါ်တွင် ရေးသားဖော်ပြခဲ့ပါသည်။
အစည်းအဝေး အတွင်း ခေါင်းဆောင်များသည် ဆီးရီးယားအရေးနှင့်
ဆက်နွှယ်လျက်ရှိသည့် ဒေသတွင်း၊ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍
ဆွေးနွေးသွားမည်ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
သမ္မတ ၃ ဦးတို့သည် ဆီးရီးယားအရေးနှင့်ပတ်သက်၍ သီးခြားတွေ့ဆုံမှု
မပြုလုပ်ခင်အချိန်အတွင်း ရုပ်သံအစီအစဉ်မှတစ်ဆင့်
ကြေညာချက် ၃ ရပ်ကို တရားဝင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း ရုရှားအစိုးရ၏
ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကော့ဗ်
(Dmitry Peskov)က ပြောကြားခဲ့ပါသည်။ ယခုကျင်းပမည့်ဆွေးနွေးမှုသည်
ဆီးရီးယားနိုင်ငံအတွင်း ပဋိပက္ခများဖြစ်ပေါ်လာသည့်အတွက်ကြောင့် ၂၀၂၀ ပြည့်နှစ်
အတွင်း ပထမဆုံးအကြိမ် ပြန်လည်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ အီရန်နိုင်ငံခြားရေး ဝန်ကြီး
မိုဟာမက်ဂျာဗက်ဇာရစ် (Mohammad Javad Zarif) သည်
အက်စတာနာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မူဘောင်အတိုင်း ဆီးရီးယားနိုင်ငံအတွင်း ငြိမ်းချမ်းမှုရှိရန်အတွက်
သမ္မတအဆင့် အစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်သွားမည်ဟု ဇွန်လ ၁၅ ရက်တွင် ကြေညာခဲ့ကြောင်း
သိရှိရပါသည်။
No comments:
Post a Comment