Trtworld; Jun-17 (Wed)
ရုရှား၊
တူရကီနှင့် အီရန်သမ္မတတို့သည် ဆီးရီးယားအရေးကိစ္စအား ဖြေရှင်း ဆောင်ရွက်ရန်အတွက် ဗီဒီယိုကွန်ဖရင့် (Video
Conference) မှတစ်ဆင့် ဆွေးနွေးမှုများ
ပြုလုပ်သွားရန် သဘောတူညီခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့ဗ်
(Sergey Lavrov) က ဇွန်လ ၁၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ သမ္မတ ၃ ဦး အနေဖြင့် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့်ဆွေးနွေးမှုပြုလုပ်ပြီးနောက်
အီရန်နိုင်ငံ၌ မျက်နှာစုံညီ အစည်းအဝေးပွဲတစ်ရပ်ကျင်းပသွားရန်လည်း
သဘောတူညီခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့ပါသည်။ အဆိုပါဗီဒီယိုကွန်ဖရင့်အား
ဆီးရီးယား၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ကော်မတီအစည်းအဝေးပွဲမတိုင်မီ လုပ်ဆောင်သွားမည်ဖြစ်ပါသည်။
ထို့ပြင် ၎င်းတို့ ၃ နိုင်ငံအကြားပြုလုပ်မည့် ဗီဒီယိုကွန်ဖရင့်ဆွေးနွေးပွဲအား လာမည့်ဩဂုတ်လ
တွင် ကျင်းပပြုလုပ်သွားရန် မျှော်မှန်းထားရှိကြောင်းကိုလည်း
အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗတ်ဇာရစ်
(Mohammad Javad Zarif) က ထုတ်ဖော်ပြောကြားထားပါသည်။
ဆီးရီးယားနိုင်ငံတွင်
၂၀၁၁ ခုနှစ်၊ အစောပိုင်းမှစ၍ ပြည်တွင်းစစ်ဖြစ်ပေါ်လာ ခဲ့ခြင်းကြောင့် လူထောင်ပေါင်းများစွာသေဆုံးခဲ့ရပြီး
ပြည်သူသန်းပေါင်းများစွာ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရပါသည်။
ရုရှားနှင့်တူရကီနိုင်ငံတို့သည် ဆီးရီးယားအရေးကိစ္စအား ဖြေရှင်း ဆောင်ရွက်ရန်
ကြိုးပမ်းလျက်ရှိသည့်အပြင် လစ်ဗျားပဋိပက္ခများ အဆုံးသတ်စေရန် လည်း အားထုတ်ကြိုးပမ်းလျက်ရှိကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး
ဇာရစ်က ထုတ်ဖော် ပြောကြားခဲ့ပါသည်။ ရုရှားနှင့် တူရကီတပ်ဖွဲ့ဝင်များသည် ဆီးရီးယားနိုင်ငံ၊ အိုင်ဒဲလစ် စီရင်စုရှိ M-4 အဝေးပြေးလမ်းမကြီးတစ်လျှောက်တွင်လည်း
ပူးတွဲကင်းလှည့်မှုများ (၁၇)ကြိမ်ခန့် ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း တူရကီကာကွယ်ရေးဝန်ကြီးဌာနက
ဇွန်လ ၁၆ ရက်တွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment