ahvalnews;Jun-12(Fri)
တူရကီနိုင်ငံသို့ရောင်းချထားခဲ့သည့်
F-35s တိုက်ခိုက်ရေးလေယာဉ် ၆ စင်းအား အမေရိကန်တပ်ဖွဲ့များတွင်အသုံးပြုသွားရန်
အမေရိကန်အထက်လွှတ်တော်၏ စစ်လက်နက် ပစ္စည်းရေးရာကော်မတီမှ
ဆုံးဖြတ်ခဲ့ကြောင်း Reuters သတင်းဌာနက ဇွန်လ ၁၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ တူရကီနိုင်ငံအနေဖြင့် F-35 တိုက်ခိုက်ရေးလေယာဉ်
၁၀၀ စင်း ဝယ်ယူ ရန်စီစဉ်ခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် F-35 တိုက်ခိုက်ရေးလေယာဉ် ၂ စင်းအား တူရကီသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
သို့သော် အဆိုပါလေယာဉ် ၂ စင်းအား အမေရိကန်နိုင်ငံ၊ အရီဇိုးနား (Arizona) ပြည်နယ်၊ ဖီးနစ်က်
(Phoenix) မြို့ရှိ လု့ခ် (Luke) လေတပ်အခြေစိုက်စခန်းတွင်ထားရှိသည့်
တူရကီလေယာဉ်မှူးများအား F-35 တိုက်ခိုက်ရေးလေယာဉ်ဆိုင်ရာ
လေ့ကျင့်သင်ကြားမှုများပြုလုပ်ပေးခဲ့ပါသည်။ တူရကီနိုင်ငံ သည် ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးလက်နက်များအား
ပြီးခဲ့သည့် နှစ်အတွင်း၌ လက်ခံရရှိခဲ့ပြီးနောက်
အမေရိကန်အနေဖြင့် တူရကီနှင့် ပူးပေါင်း ဆောင်ရွက်မှုများအား ရပ်ဆိုင်းခဲ့ပြီး
တူရကီလေယာဉ်မှူးများအား ပြန်လည်စေလွှတ် ခဲ့ပါသည်။
အမေရိကန်အနေဖြင့် တူရကီနှင့် ပူးပေါင်းဆောင်ရွက်မှုများအား
ရပ်ဆိုင်း ကြောင်း မကြေညာမီ တူရကီမှဝယ်ယူခဲ့သော
F-35 တိုက်လေယာဉ်များအား လွှဲပြောင်း ပေးရေးနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံ၏ ငြင်းဆန်မှုသည် စာချုပ်ပါစည်းကမ်းချက်
များကိုချိုးဖောက်ရာရောက်သည်ဟု တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip
Endrogan)က ပြောကြားခဲ့ပါသည်။ အမေရိကန်နိုင်ငံ၏ ၂၀၂၁
ခုနှစ်၊ အမျိုးသား ကာကွယ်ရေးခွင့်ပြုမိန့်အက်ဉပဒေ
(National Defense Authorization Act) အရ F-35 တိုက်ခိုက်ရေးလေယာဉ် ၉၅ စင်းထုတ်လုပ်ရန်အတွက် အမေရိကန်ဒေါ်လာ ၉.၁ ဘီလီယံ
အား စစ်လက်နက်ပစ္စည်းရေးရာကော်မတီက ဇွန်လ ၁၁ ရက်တွင် ခွင့်ပြုခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment