Tuesday, June 16, 2020


              အီတလီနှင့် တူရကီရေတပ်တို့သည် မြေထဲပင်လယ်အတွင်း ပူးတွဲစစ်ရေး လေ့ကျင့်ခန်းတစ်ရပ် ပြုလုပ်ခဲ့သည်ဟု တူရကီကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၁၅ ရက် တွင် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါစစ်ရေးလေ့ကျင့်ခန်းအတွင်း အီတလီနှင့် တူရကီ ရေငုပ်သင်္ဘောများပါဝင်ခဲ့ပြီး ၎င်းတို့နှစ်နိုင်ငံသည် နှစ်နိုင်ငံရေတပ်စွမ်းရည်မြင့်မား စေရေးရည်ရွယ်၍ အထက်ပါပူးတွဲစစ်ရေးလေ့ကျင့်ခန်းအား ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ တူရကီစစ်ဘက်သည် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းကလည်း မြေထဲပင်လယ်အတွင်း ၎င်း၏ ရေ၊ လေတပ်ဖွဲ့ဝင်များနှင့်အတူ ကမ်းလွန်စစ်ရေးလေ့ကျင့်ခန်းတစ်ရပ်ပြုလုပ်ခဲ့ ပါသည်။ လစ်ဗျားပဋိပက္ခကြောင့် မြေထဲပင်လယ်အရှေ့ပိုင်း၌ တင်းမာမှုများမြင့်တက် နေစဉ်အတွင်း တူရကီနိုင်ငံသည် အထက်ပါပူးတွဲစစ်ရေးလေ့ကျင့်ခန်းအား ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ 

No comments:

Post a Comment