ThefirstNews;
Jun-14(Sun)
ပိုလန်အစိုးရအနေဖြင့် မဟာမိတ် NATO အဖွဲ့၏
အရှေ့ပိုင်းစစ်နယ်ဝန်းဒေသ ပိုမိုခိုင်မာအားကောင်းစေရေးအတွက်
နိုင်ငံအတွင်းအမေရိကန်တပ်ဖွဲ့များ ပိုမိုထားရှိနိုင်ရန် အမေရိကန်အပါအဝင် NATO အဖွဲ့ဝင် အခြားမဟာမိတ်နိုင်ငံများအား
စည်းရုံးသိမ်းသွင်း လျက်ရှိသည်ဟု ပိုလန်ဝန်ကြီးချုပ် မာတက်မိုရာဝက်စကီး (Mateusz Morawiecki)က ဇွန်လ ၁၄ ရက်တွင်ထုတ်ဖော်ပြောကြားခဲ့ပါသည်။
ထို့ပြင် ဂျာမနီနိုင်ငံမှရုပ်သိမ်းမည့် အမေရိကန်တပ်ဖွဲ့ဝင်
၉,၅၀၀ အနက် အချို့အား ပိုလန်သို့ လွှဲပြောင်းပေးနိုင်ဖွယ်ရှိသည် ဟုလည်း ၎င်းကထပ်လောင်းပြောကြားခဲ့ပါသည်။ လက်ရှိအချိန်တွင်
အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ အမေရိကန်၏ တရားဝင်အတည်ပြုချက်အား
စောင့်ဆိုင်းလျက်ရှိပြီး အမေရိကန် နှင့် အခြားမဟာမိတ်နိုင်ငံများကိုလည်း ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် တိုက်တွန်း သွားမည်ဟု
၎င်းက ထုတ်ဖော်ပြောကြားခဲ့ပါသည်။
ပိုလန်နိုင်ငံသည် NATO မဟာမိတ်နိုင်ငံများအပေါ်
သစ္စာစောင့်သိလျက်ရှိ ကြောင်း၊ သို့ဖြစ်၍ နေတိုးအဖွဲ့၏အရှေ့ဘက်စစ်နံအား ပိုမိုခိုင်မာအားကောင်းစေရေး
လုပ်ဆောင်နေခြင်းဖြစ်ကြောင်းနှင့် ထိုကဲ့သို့ ခိုင်မာအားကောင်းခြင်းသည် ပိုလန်နိုင်ငံ၏
အရှေ့ဘက်ဒေသအတွက်လည်း လုံခြုံရေးပိုမိုကောင်းမွန်စေမည်ဖြစ်ကြောင်း မိုရာဝက် စကီးက ထုတ်ဖော်ပြောကြားခဲ့ပါသည်။
အမေရိကန်သည် ဥရောပနိုင်ငံများ၏ အဓိက မိတ်ဖက်နိုင်ငံတစ်ခုဖြစ်ခြင်းကြောင့် ဥရောပဒေသ၏ စစ်ရေးနှင့်နိုင်ငံရေးကဏ္ဍများတွင်
အမေရိကန်အနေဖြင့် ဆက်လက်ပါဝင်သွားဖွယ်ရှိကြောင်း မိုရာဝက်စကီးက ထုတ်ဖော် ပြောကြားခဲ့သည်ဟု
သိရှိရပါသည်။
No comments:
Post a Comment