Tuesday, June 16, 2020

News Bar

ကိုဆိုဗိုနှင့် ဆားဘီးယားခေါင်းဆောင်များသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်  (Donald Trump) ၏ ဖိတ်ကြားချက်အရ ဇွန်လ ၂၇ ရက်တွင် ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးမှုများပြုလုပ်ရန် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်သို့သွားရောက် မည်ဖြစ်ကြောင်း ကိုဆိုဗို-ဆားဘီးယားငြိမ်းချမ်းရေးဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ရစ်ချက်ဂရန်နဲလ် (Richard Grenell) က ဇွန်လ ၁၅ ရက်တွင် ပြောကြားခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုမတိုင်မီ ၎င်းတို့အကြား အပြန်အလှန်သစ္စာရှိမှုဖြင့် ယုံကြည်မှု တည်ဆောက်သွားရန်လိုအပ်ကြောင်း ဂရန်နဲလ်က ၎င်း၏တွစ်တာစာမျက်နှာတွင် ရေးသား ခဲ့ပါသည်။  ကိုဆိုဗိုအစိုးရအနေဖြင့် ဆားဘီးယားနိုင်ငံနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း သမ္မတ ဟာရှမ်သာဆီ (Hashim Thaci) က ဇွန်လ ၁၅ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment