ဆီးရီးယားလေတပ်သည်
တူရကီနယ်စပ်အနီးရှိ ဂျီဟတ်စစ်သွေးကြွများ၏ အခြေစိုက်စခန်းများအား ပြင်းထန်သည့်လေကြောင်းတိုက်ခိုက်မှုများ
လုပ်ဆောင်ခဲ့ ကြောင်း Al Masdar သတင်းဌာနက ဖော်ပြခဲ့ပါသည်။
ဆီးရီးယားလေတပ်သည် အိုင်ဒဲလစ် (Idlib) နှင့် ဟားမား (Hama) နယ်မြေအတွင်းရှိ ဂျီဟတ်စစ်သွေးကြွများ၏ ကတုတ်ကျင်းများနှင့် ပုန်းခိုရာနေရာများအား
ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှု များပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ အိုင်ဒဲလစ်မြို့အနီးတွင် တူရကီလေကြောင်းရန်ကာကွယ်ရေး စနစ်များ တပ်ဖြန့်ချထားသော်လည်း
ဆီးရီးယားလေတပ်သည် လေကြောင်းတိုက်ခိုက်မှု များကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပါသည်။ ရုရှားနိုင်ငံမှ
MiG-29 တိုက်လေယာဉ်များ လက်ခံရရှိပြီးချိန်မှစတင်၍ ဆီးရီးယားလေတပ်သည်
အိုင်ဒဲလစ်၊ အလက်ပို၊ လာတာကီးရား နှင့် ဟားမားနယ်မြေဒေသများရှိ
ဂျီဟတ်စစ်သွေးကြွများအပေါ် လေကြောင်းတိုက်ခိုက်မှု များအား ပိုမိုအရှိန်မြှင့်လုပ်ဆောင်ခဲ့ကြောင်း
သိရှိရပါသည်။
Saturday, June 6, 2020
News Bar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment