Turkishminute; Oct-4 (Mon)
တူရကီနိုင်ငံအတွင်း ကုန်စျေးနှုန်းနှစ်ဆခန့်မြင့်တက်လျက်ရှိပြီး
၎င်းကိစ္စအား ကုစားရန် နိုင်ငံတစ်ဝန်း၌ ကုန်စုံဆိုင်ပေါင်း ၁,၀၀၀ အထိ အသစ်ထပ်မံဖွင့်လှစ်ပေး သွားရန် စိုက်ပျိုးရေးလုပ်ငန်းစုများအား အောက်တိုဘာလ ၃
ရက်တွင် တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep
Tayyip Erdogan) က
ညွှန်ကြားခဲ့ပါသည်။ အဆိုပါ ကုန်စုံဆိုင်များတွင်
အရည်အသွေးကောင်းမွန်သော ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာ စွာဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့်
ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် ကုန်ဈေးနှုန်း မြင့်တက်ခြင်းများကို ထိန်းချုပ်သွားနိုင်မည်ဖြစ်ကြောင်း အာဒိုဂန်က
ထပ်လောင်း ပြောကြားခဲ့သည်။ ထို့ပြင်
တူရကီအစိုးရအနေဖြင့် ကုန်ပစ္စည်းများ တန်ဖိုးမြှင့်တင်
ရောင်းချသောဆိုင်များကိုလည်း စတင်စုံစမ်းစစ်ဆေးလျက်ရှိပါသည်။
အဆိုပါ ကုန်ဈေးနှုန်းများမြင့်တက်ခြင်းသည် အစိုးရ၏ စီးပွားရေးဆိုင်ရာ စီမံ
ခန့်ခွဲမှုအားနည်းခြင်းကြောင့်သာဖြစ်ကြောင်းနှင့် ကုန်စုံဆိုင်များ
ဖွင့်လှစ်ပေးခြင်းသည် လည်း မှန်ကန်သော ဖြေရှင်းနည်းမဟုတ်ကြောင်း
စီးပွားရေးဆိုင်ရာပညာရှင်များက ဝေဖန်ပြောကြားခဲ့ပါသည်။ တူရကီအစိုးရအနေဖြင့်
လုပ်အားခများတိုးမြှင့်ပေးခြင်းနှင့် တူရကီငွေကြေးတန်ဖိုးကျဆင်းမှုများကို
တားဆီးပေးနိုင်သော ငွေကြေးဆိုင်ရာ စည်းမျဉ်းများရေးဆွဲခြင်းသာလျှင်
အကျိုးရှိသော ဆောင်ရွက်ချက်တစ်ခုဖြစ်နိုင်ကြောင်း ရာလိုဗာ (Yalova) တက္ကသိုလ်၏ တွဲဖက်ပါမောက္ခ ဘာကီဒီမီရယ် (Baki Demirel) က မှတ်ချက်ပြုပြောကြားခဲ့သည့်ဟု သိရှိရပါသည်။
No comments:
Post a Comment