Monday, November 8, 2021

တူရကီသည် အေဂျီယန်ပင်လယ်ရှိ ဂရိဝေဟင်ပိုင်နက်သို့ (၁၃) ကြိမ်တိုင်ကျူးကျော်ဝင်ရောက်မှုများ ပြုလုပ်လျက်ရှိခြင်း

 

တူရကီနိုင်ငံသည် အေဂျီယန်ပင်လယ်ရှိဂရိနိုင်ငံဝေဟင်ပိုင်နက်အတွင်းသို့ (၁၃) ကြိမ်တိုင်ကျူးကျော်ဝင်ရောက်မှုများအား ဆက်လက်ပြုလုပ်လျက်ရှိသည်ဟု ဂရိအမျိုးသားကာကွယ်ရေးဦးစီးချုပ်ရုံး (Hellenic National Defence General Staff) က ထုတ်ပြန်ခဲ့ကြောင်း နိုဝင်ဘာလ ၉ ရက်တွင် Greekcitytimes သတင်းဌာနက ဖော်ပြခဲ့ပါသည်။ တူရကီတိုက်လေယာဉ်များသည် အေဂျီယန်ပင်လယ်၏အရှေ့မြောက်၊ အလယ်ပိုင်းနှင့် အရှေ့တောင်ဘက်များသို့ ကျူးကျော်ပျံသန်းမှုများပြုလုပ်ခဲ့ပြီး ပျံသန်း မှုတစ်ခုတွင် ဂရိတိုက်လေယာဉ် ၁ စင်းနှင့် အနီးကပ်ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွား ခဲ့ပါသည်။ တူရကီသည် အဆိုပါချိုးဖောက်မှုများအား စုစုပေါင်းလေယာဉ် ၁၈ စင်းဖြင့် ပြုလုပ်ခဲ့ပြီး ၎င်းလေယာဉ်များတွင် F-16 တိုက်လေယာဉ် ၁၂ စင်း၊ CN-235 အီလက် ထရွန်နစ်စစ်ဆင်ရေးလေယာဉ် ၃ စင်း၊ ATR-72 ရေငုပ်သင်္ဘောဖျက်လေယာဉ် ၁ စင်း၊ ရဟတ်ယာဉ်တစ်စင်းနှင့် UAV မောင်းသူမဲ့ လေယာဉ် ၁ စင်းတို့ပါဝင်ကြောင်း သိရှိရ ပါသည်။

No comments:

Post a Comment