Sunday, November 14, 2021

ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့၌ ကျင်းပပြုလုပ်မည့် ပြီးပြည့်စုံသော ပူးပေါင်း ဆောင်ရွက်ရေးအစီအစဉ်(Joint Comprehensive Plan of Action-JCPOA) ၏ နောက်တစ်ကြိမ်ကျင်းပမည့် ပူးတွဲကော်မရှင်အစည်းအဝေးသည် အမေရိကန်၏ အီရန် အပေါ်ချမှတ်ထားသော အရေးပိတ်ဆို့မှုများရုပ်သိမ်းရေးအတွက် စမှတ်တစ်ခုပင် ဖြစ်ကြောင်း နိုင်ငံရေးဆိုင်ရာ အီရန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အလီဘတ်ဂါရီခါနီ (Ali Bagheri Kani)က နိုဝင်ဘာလ ၁၂ ရက်တွင် ပြောကြားခဲ့ပါသည်။ အီရန်နိုင်ငံသည် JCPOA တွင်ရှိနေပြီး သဘောတူညီချက်ပါ ၎င်း၏ကတိကဝတ်များကိုလည်း လိုက်နာ ဆောင်ရွက်ခဲ့ကြောင်း၊ သို့ဖြစ်၍ ပထဆုံးဦးစားပေးကိစ္စရပ်အဖြစ် အီရန်အပေါ်ချမှတ် ထားသော အမေရိကန်၏အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားပေးရန်ဖြစ်ကြောင်းနှင့် JCPOA သို့ အမေရိကန်ပြန်လည်ဝင်ရောက်လာရေးကိစ္စသည် နောက်တစ်ဆင့် ဆောင်ရွက် ရမည့်ကိစ္စရပ်သာဖြစ်ကြောင်း ဘတ်ဂါရီကပြောကြားခဲ့ပါသည်။ အီရန်နှင့် JCPOA အားလက်မှတ်ရေးထိုးထားသောနိုင်ငံတို့သည် အမေရိကန်အား JCPOA သို့ ပြန်လည် ဝင်ရောက်လာရေးနှင့် အီရန်အပေါ်ချမှတ်ထားသော အရေးပိတ်ဆို့မှုများ ဖယ်ရှားပေး ရေးအတွက် ဆွေးနွေးမှု ၆ ကြိမ်တိုင်ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

 

No comments:

Post a Comment