Thursday, November 18, 2021

ဆလိုဗေးနီးယားလေတပ်တွင် အသုံးပြုရန် Spartan C-27J အမျိုးအစား သယ်ယူပို့ဆောင်ရေးလေယာဉ်အားဝယ်ယူရေး အီတလီအစိုးရနှင့်သဘောတူညီခဲ့ခြင်း

 ဆလိုဗေးနီးယားလေတပ်တွင် အသုံးပြုရန်အတွက်  Spartan C-27J  အမျိုးအစား သယ်ယူပို့ဆောင်ရေးလေယာဉ်အားဝယ်ယူရန် အီတလီအစိုးရနှင့် နိုဝင်ဘာလ ၁၇ ရက်တွင် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း ဆလိုဗေးနီးယားအစိုးရက ပြောကြားခဲ့ပါသည်။ Spartan C-27J လေယာဉ်၏တန်ဖိုးမှာ ယူရို ၄၈ သန်းခန့် တန်ကြေးရှိကြောင်းနှင့် ၎င်းသဘောတူညီချက်အား ဆလိုဗေးနီးယားကာကွယ်ရေးဝန်ကြီး မာတက်ဂ်တိုနင် (Matej Tonin) နှင့် အီတလီကာကွယ်ရေးဝန်ကြီး လော်ရန်ဇိုဂူရီနီ (Lorenzo Guerini) တို့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်းလည်း ဆလိုဗေးနီးယားအစိုးရက ပြောကြား ထားပါသည်။ Spartan C-27J လေယာဉ်သည် စုစုပေါင်း လူ ၆၀ ဦးသယ်ဆောင်နိုင် ကြောင်းနှင့် အမြင့်ဆုံးအမြန်နှုန်းအနေဖြင့် ၁ နာရီလျှင် ၆၀၂ ကီလိုမီတာအထိ မောင်းနှင် နိုင်ကြောင်း သိရှိရပါသည်။


No comments:

Post a Comment