Monday, November 15, 2021

ချက်သမ္မတနိုင်ငံနှင့် ပိုလန်နိုင်ငံခြားရေးဝန်ကြီးတို့အကြား ဆွေးနွေးမှုပြုလုပ်ခဲ့ခြင်း

 

ချက်နိုင်ငံခြားရေးဝန်ကြီး ဂျာကဘ်ကူဟာနက် (Jakub Kulhanek) နှင့် ပိုလန်နိုင်ငံခြားရေးဝန်ကြီး ဇက်ဘစ်နျူးရောယ် (Zbigniew Rau) တို့သည် နယ်စပ် ဒေသ တရားမဝင်ရွှေ့ပြောင်းအခြေချနေထိုင်သူများ၏ အခြေအနေနှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း Bulgarianmilitary သတင်းဌာနက နိုဝင်ဘာလ    ၁၅ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုအတွင်း ချက်နှင့် ပိုလန်နိုင်ငံတို့ အကြား စည်းလုံးညီညွတ်မှုကိုဖော်ပြခဲ့ပြီး လိုအပ်လျှင်ကူညီပေးရန်အဆင်သင့်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး ကူဟာနက်က ပြောကြားခဲ့ပါသည်။ ထို့ပြင် ၎င်းတို့သည် နိုဝင်ဘာလ ၁၅ ရက်တွင် ချက်၊ ပိုလန်၊ ဆလိုဗက်ကီးယားနှင့် ဟန်ဂေရီနိုင်ငံတို့မှ နိုင်ငံခြားရေး ဝန်ကြီးတို့၏ အစည်းအဝေးအတွင်း ဘီလာရုဇ်နှင့် ဖြစ်ပေါ်နေသောအခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment