Monday, November 8, 2021

ဘီလာရုဇ်မှ ရာနှင့်ချီသော ရွှေ့ပြောင်းအခြေချနေထိုင်သူများ ပိုလန်သို့ ဝင်ရောက်ရန်ကြိုးပမ်းလျက်ရှိခြင်း

 

ဘီလာရုဇ်နိုင်ငံမှ ရာနှင့်ချီသော ရွှေ့ပြောင်းအခြေချနေထိုင်သူများသည်  လာမည့်နာရီပိုင်းအတွင်း ပိုလန်နိုင်ငံအတွင်းသို့ ဝင်ရောက်ရန်ကြိုးပမ်းလိမ့်မည်ဖြစ် ကြောင်း ပိုလန်အစိုးရအဖွဲ့မှ ထုတ်ဖော်ပြောကြားမှုအား CAN သတင်းဌာနက နိုဝင်ဘာလ ၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဘီလာရုဇ်နှင့် ပိုလန်နယ်စပ်တွင် လက်ရှိ ရွှေ့ပြောင်းအခြေချနေထိုင်သူ ၃,၀၀၀ မှ ၄,၀၀၀ ခန့်အထိရှိပြီး အခြားရွှေ့ပြောင်းအခြေချ နေထိုင်သူ ၁၀,၀၀၀ ကျော်သည် ပိုလန်နိုင်ငံအတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ရန် အသင့်ဖြစ်နေကြောင်း ပိုလန်အစိုးရပြောရေးဆိုခွင့်ရှိသူ ပီတာမူလာ (Piotr Muller) က ပြောကြားခဲ့ပါသည်။ အိမ်နီးချင်း လစ်သူရေးနီးယားနိုင်ငံအနေဖြင့် ဘီလာရုဇ်နယ်စပ် အရေးကိစ္စနှင့်ပတ်သက်၍ အရေးပေါ်အခြေအနေတစ်ရပ်ကြေညာသွားရန် ပြုလုပ် နေစဉ် ပိုလန်နိုင်ငံသည် ၎င်း၏နယ်စပ်တွင် စစ်ဘက်တပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များနှင့်ရဲတပ်ဖွဲ့များအား တိုးမြှင့်ချထားခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment