တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ယူအေအီးနှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရန် အတွက် လာမည့်နှစ်၊ ဖေဖော်ဝါရီလတွင် ယူအေအီးနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွား ရောက်မည်ဖြစ်ကြောင်း AP သတင်းဌာနက နိုဝင်ဘာလ ၂၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ ပြီးခဲ့သည့်သီတင်းပတ်အတွင်း သမ္မတ အာဒိုဂန်နှင့် ယူအေအီးအိမ်ရှေ့မင်းသား ရှိတ် မိုဟာမက်ဘင်ဇာရပ်အယ်လ်နာရန် (Sheikh Mohammed bin Zayed Al Nahyan) တို့သည် တူရကီနိုင်ငံ၊ အန်ကာရာ (Ankara) မြို့တွင် တွေ့ဆုံခဲ့ပြီးနောက်တွင် ယခုကဲ့သို့ သမ္မတ အာဒိုဂန်၏ ယူအေအီးနိုင်ငံသို့ သွားရောက်မည့်ခရီးစဉ် ဖြစ်ပေါ်လာ ခဲ့ခြင်းဖြစ်ပါသည်။ သမ္မတ အာဒိုဂန်နှင့် အိမ်ရှေ့မင်းသား အယ်လ်နာရန်တို့၏ ပြီးခဲ့သည့် တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုပြုလုပ်နိုင်သည့် လုပ်ငန်းပေါင်း ၁၂ ခုခန့်အား သဘောတူညီမှုလက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment