Monday, November 15, 2021

ဟန်ဂေရီဝန်ကြီးချုပ် သည် လက်ရှိအာဏာရ Fidesh ပါတီဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခံရခြင်း

 

ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန် (Viktor Orban) သည် လက်ရှိအာဏာရ Fidesh ပါတီဥက္ကဋ္ဌအဖြစ် နိုဝင်ဘာလ ၁၄ ရက်တွင် ပြန်လည်အရွေးချယ်ခံရကြောင်း Xinhua သတင်းဌာနက နိုဝင်ဘာလ ၁၅ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ အော်ဘန် သည် လာမည့်အထွေထွေရွေးကောက်ပွဲများတွင် Fidesh ပါတီကို ဦးဆောင်ရန်အတွက် ပါတီ၏ကိုယ်စားလှယ်လောင်းအဖြစ် ပြန်လည်အရွေးခံရခြင်းဖြစ်ပါသည်။ ‌ လက်ရှိတွင် ဟန်ဂေရီနိုင်ငံအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်ကြောင်း မိမိတို့အနေဖြင့် နိုင်ငံတော်ကို ဆက်လက်အုပ်ချုပ်ခွင့်ရမည်ဆိုပါက ဆယ်နှစ်အတွင်း ဖွံ့ဖြိုးပြီးနိုင်ငံတစ်နိုင်ငံဖြစ်လာ နိုင်ကြောင်းနှင့် ကလေးငယ်များကို မိမိတို့ထက် ပိုမိုထက်မြက်လာအောင် မြှင့်တင်ပေး ခြင်းဖြင့် ရှေ့ဆက်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း အော်ဘန်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment