Tass;Nov-21(Sun)
အက်စတိုးနီးယားစစ်ဘက်တပ်ဖွဲ့ဝင်များသည် ရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်ဖွဲ့ များနှင့်အတူ နိုင်ငံ၏အရှေ့ဘက်နယ်စပ်တစ်လျှောက်တွင် ယာယီခြံစည်းရိုးကာရံခြင်း အားစတင်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ်ဖွဲ့၏ နယ်ခြားစီမံခန့်ခွဲရေးဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် အဲဂတ်ဘလစ်ဆက် (Egert Belitsev) က ပြောကြားခဲ့ သည်ဟု Tass သတင်းဌာနက နိုဝင်ဘာလ ၂၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ စစ်ဘက် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ်ဖွဲ့များအနေဖြင့် နယ်စပ် တစ်လျှောက် ယာယီခြံစည်းရိုးကာရံမှုအား လက်တွေ့လုပ်ဆောင်ခြင်းဖြင့် ၎င်းတို့ အကြားရှိ ပူးတွဲစွမ်းဆောင်ရည်များကို တွေ့ရှိလာနိုင်သည့်အပြင် ခြံစည်းရိုးကာရံရန် အတွက် မည်သည့်ပစ္စည်းကိရိယာ၊ နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ်များလိုအပ် သည်ကို သိရှိနိုင်မည်ဖြစ်ကြောင်း ဘလစ်ဆက်က ပြောကြားခဲ့ပါသည်။
အက်စတိုးနီးယားနိုင်ငံအနေဖြင့် လက်ရှိအချိန်တွင် ရွှေ့ပြောင်းအခြေချနေထိုင်မှု ပြဿနာများနှင့် ရင်ဆိုင်ရခြင်းမရှိသော်လည်း အမှန်တကယ်ရင်ဆိုင်ရမည်ဆိုလျှင် ယာယီခြံစည်းရိုးကာရံမှုသည် တရားမဝင်ရွှေ့ပြောင်းအခြေချနေထိုင်သူဝင်ရောက်မှုအား တားဆီးရာတွင် အရေးပါသည့်အစိတ်အပိုင်းတစ်ခုဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့ပါသည်။ အက်စတိုးနီးယားကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ရွှေ့ပြောင်း အခြေချနေထိုင်မှုဆိုင်ရာခြိမ်းခြောက်မှုများအား ကာကွယ်ရန်အတွက် နိုင်ငံ၏အရှေ့ဘက် နယ်စပ် ကီလိုမီတာ ၁၃၀ အကွာတွင် သံဆူးကြိုးခြံစည်းရိုးများ ကာရံသွားမည်ဖြစ် ကြောင်း အက်စတိုးနီးယားကာကွယ်ရေးဝန်ကြီး ကာလီလာနတ် (Kalle Laanet) က ပြောကြားခဲ့ပြီးနောက် နိုင်ငံ၏အရှေ့မြောက်နှင့် အရှေ့တောင်ဘက် နယ်စပ်တစ်လျှောက် တွင် ယာယီခြံစည်းရိုးကာရံမှုအား စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ အက်စ်တိုးနီးယား အစိုးရသည် နယ်စပ်တစ်လျှောက် ယာယီခြံစည်းရိုးကာရံခြင်းဆိုင်ရာ အရေးပေါ်လေ့ကျင့်မှု များပြုလုပ်ရန်အတွက် အရန်တပ်ဖွဲ့ဝင် ၁,၆၈၄ ဦးအား နိုဝင်ဘာလ ၁၇ ရက်တွင် ခေါ်ယူခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment