Wednesday, November 24, 2021

 

တူရကီနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စစ်လက်နက်ပစ္စည်းများရောင်းချ ပေးသွားရန် ဆန္ဒရှိကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာတူရကီသံအမတ် မူစတာဖာအော့စ်မန် တူရန် (Mustafa Osman Turan) က နိုဝင်ဘာလ ၂၄ ရက်တွင် ပြောကြားခဲ့ပါသည်။ နိုင်ငံရေးပေါ်လစီနှင့် နိုင်ငံရေးအခြေအနေများ ကွဲပြားခြားနားမှုရှိသော်လည်း  နှစ်နိုင်ငံ ဆက်ဆံရေးသည် ခိုင်မာကောင်းမွန်လျက်ရှိကြောင်း၊ ၎င်းတို့နိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း  ၎င်းက ပြောကြားခဲ့ပါသည်။ ထို့ပြင် တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် တူရကီရေတပ်ဦးစီးချုပ်တို့သည် ယခုလနှောင်းပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်လိမ့်မည်ဟု တူရန်က ပြောကြားခဲ့ ကြောင်း သိရှိရပါသည်။

No comments:

Post a Comment