တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) နှင့် စပိန်နိုင်ငံခြားရေးဝန်ကြီး ဂျို့စ်မန်နျူအယ်လ်ဘာရပ်စ် (Jose Manuel Albares) တို့သည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာ (Geneva) မြို့၌ နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂလူမှုယဉ်ကျေးမှုဆိုင်ရာ မဟာမိတ်အဖွဲ့ (UN Alliance of Civilizations-UNAOC) အစည်းအဝေး၏ ဆက်စပ်အစည်းအဝေးတစ်ခုတွင် တွေ့ဆုံခဲ့ ကြောင်း Anadolu Agency သတင်းဌာနက နိုဝင်ဘာလ ၉ ရက်တွင် ဖော်ပြခဲ့ပါ သည်။ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများသည် တူရကီ-စပိန် အစိုးရအကြား ကျင်းပ ပြုလုပ်မည့် (၇) ကြိမ်မြောက်ညီလာခံကို တူရကီနိုင်ငံ၊ မြို့တော် အန်ကာရာ (Ankara) ၌ ကျင်းပပြုလုပ်ရန်နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း မက်ဗလက်ကာဗူဆိုဂလူက ၎င်း၏တွစ်တာစာမျက်နှာတွင် ရေးသားဖော်ပြခဲ့ပါသည်။ တူရကီနှင့် စပိန်တို့သည် လူမှုယဉ်ကျေးမှုဆိုင်ရာ မဟာမိတ်ကနဦးလုပ်ငန်းကို လွန်ခဲ့သော ၁၆ နှစ်က တည်ထောင် ခဲ့ခြင်းဖြစ်ပြီး မွတ်စလင်နိုင်ငံများနှင့် အနောက်လူ့အဖွဲ့အစည်းများအကြား အကြောက် တရားနှင့် အယူဝါဒကွဲပြားခြင်းများ မဖြစ်ပေါ်စေရန်ရည်ရွယ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment