တူရကီအနေဖြင့် စပိန်နိုင်ငံမှ ရေငုပ်သင်္ဘောနှင့် လေယာဉ်တင်သင်္ဘောများ ဝယ်ယူအသုံးပြုခြင်းဖြင့် စပိန်နှင့် ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအား တိုးမြှင့် သွားရန် မျှော်မှန်းလျက်ရှိကြောင်း Dailymail သတင်းဌာနက နိုဝင်ဘာလ ၁၈ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ စပိန်နိုင်ငံ၏ တိုက်ခိုက်ရေးသင်္ဘောတည်ဆောက်ရေးနှင့် လေယာဉ်တင်သင်္ဘောတည်ဆောက်ရေးအစီအစဉ်များတွင် ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီမှုရရှိပြီးဖြစ်ကြောင်း နိုဝင်ဘာလ ၁၇ ရက်၌ စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ် (Pedro Sanchez) နှင့် ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ထုတ်ဖော်ပြောကြား ခဲ့ပါသည်။ ထို့ပြင် နှစ်နိုင်ငံခေါင်းဆောင်များသည် ရေငုပ်သင်္ဘောတည်ဆောက်ရေး လုပ်ငန်းများတွင်လည်း ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရှိ ရပါသည်။
No comments:
Post a Comment