Saturday, January 1, 2022

     လစ်သူရေးနီးယားနိုင်ငံသည် ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံရေးအရ အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၏ရန်လိုမှုကို တုံ့ပြန်နိုင်ရန်အတွက် အနောက် အုပ်စုနှင့် အခြားသောနိုင်ငံများ၏ အကူအညီများလိုအပ်လျက်ရှိကြောင်း သတင်း အရင်းအမြစ်တစ်ခုက ဇန်နဝါရီလ ၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ၏ သက်ဦးဆံပိုင်စနစ်နှင့် တရုတ်၏ ရန်လိုသောအပြုအမူ များကို ပွင့်လင်းစွာဆန့်ကျင်ရဲသည့်အတွက် လစ်သူရေးနီးယားနိုင်ငံသည် တရုတ် နိုင်ငံကို အကြီးမားဆုံးခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ခံခဲ့ရသည့် နိုင်ငံတစ်နိုင်ငံဖြစ်လာ ခဲ့ပါသည်။ လစ်သူရေးနီးယားနိုင်ငံသည် ထိုင်ဝမ်နှင့် ဆက်ဆံရေးခိုင်မာအားကောင်း အောင်လုပ်ဆောင်ခဲ့ပြီးနောက် မကြာသေးမီကာလများအတွင်း တရုတ်နှင့်လစ်သူရေးနီးယား နိုင်ငံတို့အကြား တင်းမာမှုများမြင့်တက်လာခဲ့ပါသည်။ ထို့ပြင် အမေရိကန်နိုင်ငံအနေဖြင့် လည်း လစ်သူရေးနီးယား၏ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း ကြေညာခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment