RMX; Jan-5 (Wed)
ပိုလန်နိုင်ငံသည် တတိယမျိုးဆက် M1 Abrams တင့်ကားများ၊ ခေတ်မီ Leopard 2PL ပင်မတိုက်ပွဲဝင်တင့်ကားများနှင့် ဒုံးကျည်ကာကွယ်ရေးစနစ်များအပါအဝင် မြေပြင်မှ ဝေဟင်ပစ်ပဲ့ထိန်းဒုံးကျည်စနစ် (Patriot) ၏ ပထမဆုံးသောအစိတ်အပိုင်း များကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှစ၍ လက်ခံရရှိမည်ဖြစ်ကြောင်း ပိုလန်နိုင်ငံပိုင် Dziennik Gazeta Prawna သတင်းဌာနက ဇန်နဝါရီလ ၅ ရက်တွင် ဖော်ပြခဲ့ပါသည်။ ပိုလန်နှင့် အမေရိကန်နိုင်ငံတို့အကြား အမေရိကန်ဒေါ်လာ ၅ ဘီလီယံတန်ဖိုးရှိ ပဲ့ထိန်း ဒုံးကျည်စနစ်များပေးပို့ရေးသဘောတူညီချက်ကို ၂၀၁၈ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ ကြပြီး ပိုလန်အနေဖြင့် သဘောတူညီထားသည့် ငွေပမာဏအများစုကိုလည်း ပေးချေခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါပဲ့ထိန်းဒုံးကျည်စနစ်၏အစိတ်အပိုင်းများကို တိုရန်မြို့ (Torun) တွင် ထားရှိမည်ဖြစ်ပြီးနောက်ပိုင်း၌ လက်တွေ့တပ်ဖြန့်အသုံးပြုမည့် ဆိုချာဇူမြို့ (Sochaczew) သို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း သတင်းအရင်းအမြစ်များက ပြောကြားခဲ့ပါသည်။
ထို့ပြင် ပိုလန်စစ်ဘက်သို့ရောက်ရှိလာမည့် စစ်လက်နက်ပစ္စည်းများတွင် M1 Abrams တင့်ကားအသစ်များလည်း ပါဝင်မည်ဖြစ်ပြီး ပထမဆုံးတင့်ကားအစီးရေ ၂၈ စီးသည် ၂၀၂၂ ခုနှစ်အတွင်း ရောက်ရှိမည်ဖြစ်ကြောင်း ပိုလန်စစ်ဘက်၏ထုတ်ပြန်ချက်၌ ဖော်ပြ ထားပါသည်။ ပိုလန်နိုင်ငံအနေဖြင့် လာမည့်နှစ်များအတွင်း အမေရိကန်နှင့်အပြီးသတ် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးပြီးပါက စုစုပေါင်းတင့်ကားအစီးရေ ၂၅၀ ကို လက်ခံရရှိမည်ဖြစ်ပါသည်။ အဆိုပါသဘောတူညီချက်နှင့်ပတ်သက်၍ ပိုလန်နိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများစွာပြုလုပ်ထားသောကြောင့် အမေရိကန်နိုင်ငံ၏ အရောင်းအဝယ် ပြုလုပ်မှုသဘောတူညီချက်ဆိုင်ရာစည်းမျဉ်းများ၌ အဆင်ပြေချောမွေ့မည်ဟု မျှော်မှန်း ထားကြောင်း ပိုလန်ဒုတိယဝန်ကြီးချုပ် ဂျာရိုဆလောကက်ဇီစကီ (Jaroslaw Kaczyński) နှင့် ကာကွယ်ရေးဝန်ကြီး မာရွတ်ဇ်ဘလက်ဇ်က် (Mariusz Błaszczak) တို့က ပြောကြား ခဲ့ပါသည်။ ခေတ်မီ Leopard 2PL တင့်ကားများအပါအဝင် အမေရိကန်နိုင်ငံမှ ပိုလန် နိုင်ငံသို့ စစ်လက်နက်ပစ္စည်းများပေးပို့မှုသည် ပြီးခဲ့သည့်နှစ်များအတွင်း နှောင့်နှေးခဲ့ သော်လည်း ၂၀၂၂ ခုနှစ်မှစ၍ ပိုလန်စစ်ဘက်သို့ စတင်ပေးပို့သွားမည်ဖြစ်ကြောင်း သိရှိ ရပါသည်။
No comments:
Post a Comment