Monday, January 10, 2022

တူရကီနှင့်အာမေးနီးယားတို့၏ ဆက်ဆံရေးပုံမှန် ပြန်ဖြစ်လာစေမှာလား

ကာလရှည်ကြာစွာမသင့်မမြတ်ဖြစ်နေခဲ့သောတူရကီနှင့်အာမေးနီးယားနိုင်ငံတို့အကြားမှာနှစ်နိုင်ငံဆက်ဆံရေးပုံမှန်အခြေအနေသို့ပြန်လည်ရောက်ရှိရန်နှင့်သံတမန်များအပြန်အလှန်ခန့်ထားရန်သဘောတူညီမှုကထင်ရှားသောအောင်မြင်မှုတစ်ခုအဖြစ်ရုတ်တရက်ပေါ်ထွက်လာခဲ့ပါတယ်။ဒါ့အပြင်နှစ်နိုင်ငံအကြားတိုက်ရိုက်လေကြောင်းလိုင်းပြေးဆွဲနိုင်ရန်စီစဉ်အကောင်အထည်ဖော်ရေးကိုပါသဘောတူညီခဲ့ ကြပါတယ်။

အာမေးနီးယားဝန်ကြီးချုပ် နီကိုးလ် ပါရှင်းရန်၊တူရကီသမ္မတ ရီဆက် တေရစ်အာဒိုဂန်တို့သာမက အဇာဘိုင်ဂျန် နိုင်ငံ၏ခေါင်းဆောင်အီဟမ် အလီယဗ်တို့အနေဖြင့်ရင်းနှီးသောတူရကီ ၏မဟာမိတ်များ ဖြစ်တယ်လို့တူရကီ နိုင်ငံခြားရေးဝန်ကြီးမီဘော့ထ်ကဘူဆိုဂလူး က လအတန်ကြာ အပြုသဘော ဆောင်သည့်ထုတ်ပြန်ချက်များ ကိုအရိပ်အမြွက်ပြောကြားခဲ့ပြီးနောက်ဒီဇင်ဘာလ၁၃ရက်နေ့မှာတော့တူရကီလွှတ်တော်မှာပူးပေါင်းဆောင်ရွက်မှုပြုလုပ်မည့်အစီအစဉ်များနှင့်ပတ်သတ်၍လူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ထိုထုတ်ပြန်ချက်ကအာမေးနီးယားနှင့်တူရကီတို့အကြားပုံမှန်ဆက်ဆံရေးပြန်လည်ထူထောင်ရေး အတွက် တူရကီဘက်မှထောက်ခံအတည်ပြုထုတ်ပြန်ခဲ့သောကနဦးခြေလှမ်းဖြစ်ပြီးအကြောင်းပြချက်သုံးခုအပေါ်အဓိကအခြေခံလျှက်ရှိနေပါတယ်။

ပထမဆုံးသောအကြောင်းပြချက်အနေဖြင့်ပုံမှန်ဆက်ဆံရေးပြန်လည်ထူထောင်ရန်နှင့်တောင်ကော့ကေးဆပ်ပြည်နယ်အတွင်း၂၀၂၀ နာဂိုနီ ကာရာဘက်ပဋိပက္ခအပြီးကုန်သွယ်ရေးနှင့်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများပြန် လည်ထူထောင်ရေးမှသည်နှစ်နိုင်ငံအကြားပြန်လည်သင့်မြတ်ရေးအခြေခံအုတ်မြစ်အဖြစ်ကြိုးပမ်းတည်ဆောက်ရန်ဖြစ်ပါတယ်။
ထိုအရာကနှစ်နိုင်ငံစလုံးအတွက်အရေးကြီးပါတယ်။အထူးသဖြင့်အာမေးနီးယားအနေနဲ့သီးသန့်ထိန်းချုပ်ထားသောနယ်မြေများနှင့်နှစ်နိုင်ငံကြားဆပ်စပ်နေသည့်နယ်စပ်ဒေသများအားပဋိပက္ခဖြစ်စဉ်များအပြီးကျယ်ပြန့်သောနယ်မြေများဆုံးရှုံးမှုမဖြစ်စေရန်ထိန်းချုပ်ခြင်းအပါအဝင်ပိုမိုကောင်းမွန်သောလိုက်လျှောညီထွေမှုများရှိရန်လိုအပ်လျှက်ရှိနေပါတယ်။

စီးပွားရေးအကြပ်အတည်းများတိုးပွားလာသောတူရကီအတွက်နယ်စပ်ဂိတ်များပိတ်ခြင်း၊ထိန်းချုပ်ခြင်းနှင့်ဈေးကွက်သစ်များဖော်ဆောင်ရန်ပျောက်ဆုံးနေမှုများအား၎င်းတို့ကုန်ကျစရိတ်ကျခံ၍ပြင်ဆင်ရန်ဆုံးဖြတ်ခဲ့ပါတယ်။ဒုတိယအနေဖြင့်နိုင်ငံရေးမတည်ငြိမ်မှုနှင့်စီးပွားရေးကြပ်တည်းမှုများဖြစ်ပေါ်ခဲ့သည့်တူရကီအတွက်နှစ်နိုင်ငံသံတမန်ဆက်ဆံရေးပြန်လည်စတင်ခြင်းကကောင်းမွန်သောဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်ပေါ်စေသလိုတူရကီနိုင်ငံခြားရေးမူဝါဒအတွက်ရှားပါးသောအောင်နိုင်မှုလည်းဖြစ်ခဲ့ပါတယ်။ထိုသည်ကအစဉ်အလာအရမဟာမိတ်ဖြစ်ခဲ့သောအမေရိကန်နဲ့ဆက်ဆံရေးကင်းကွာလာသည့်နောက်နေတိုးမဟာမိတ်အဖွဲ့အတွင်းသီးသန့်အထီးကျန်ဆန်လာသည့်တူရကီအတွက်အထူးအရေးကြီးသောကိစ္စလည်းဖြစ်ပါတယ်။ဒါ့အပြင်အာမေးနီးယားနှင့်ပုံမှန်ဆက်ဆံရေးစနစ်ပြန်လည်ထူထောင်ရေးသည်အစ္စရေး၊ယူအေးအီးစသောအခြားသောနိုင်ငံများနဲ့ပေါင်းသင်းဆက်ဆံရန်အတွက်အာဒိုဂန်၏ရည်မှန်းချက်နှင့်ကြိုးပမ်းမှုလည်းဖြစ်ပါတယ်။

အထူးသဖြင်နေတိုးနှင့်အီးယူနိုင်ငံများအပါအဝင်အမေရိကန်နှင့်တူရကီတို့အကြားသဘောထားတင်းမာပြီးနောက်ရီရေဗန်နှင့်ပုံမှန်ဆက်ဆံရေးပြန်လည်ထူထောင်ခြင်းဟာအန်ကာရာအတွက်တော့အနောက်နိုင်ငံများနှင့်သံတမန်ဆက်ဆံရေးအရအရေးကြီးသောအကျိုးအမြတ်များစွာကိုပေးနိုင်ပါတယ်။



ထိုအခြေအနေမှာတူရကီအနေနဲ့အာမေးနီးယားနယ်စပ်ကိုပြန်လည်ဖွင့်လှစ်ရန်နှင့်သံတမန်ဆက်ဆံရေးထူထောင်ရန်အပါအဝင်နိုင်ငံ၏အရှေ့ခြမ်းရှိဖွံ့ဖြိုးမှုနိမ့်ပါးသောစီးပွားရေးလှုပ်ရှားဆောင်ရွက်မှုများကိုမဟာဗျူဟာအခွင့်အလမ်းအသစ်အရတွန်းအားပေးရန်အတွက်အာမေးနီးယားအားသီးသန့်ငွေကြေးနှင့်ပံ့ပိုးမှုများလုပ်ဆောင်ပေးရန်ရှိနေပါတယ်။
တူရကီအတွက်အာမေးနီးယားနှင့်သံတမန်ဆက်ဆံရေးကန့်လန်ကာအဖွင့်လှရန်လိုအပ်လျှက်ရှိနေပါတယ်။လေ့လာသူအချို့ကယမန်နှစ်ကဖြစ်ပွားခဲ့သည့်၄၅ရက်ကြာခဲ့သောကာရာဘတ်စစ်ပွဲသည်အဇာဘိုင်ဂျန်အတွက်သာမကတူရကီအတွက်လည်းအောင်မြင်မှုတစ်ခုလို့ရှု့မြင်လျှက်ရှိနေကြပါတယ်။ထိုအမြင်ကအဇာဘိုင်ဂျန်တပ်ဖွဲ့များနဲ့အတူစစ်ပွဲဆင်နွှဲရာမှတူရကီစစ်တပ်အတွက်မမျှော်လင့်ဘဲတိုက်ရိုက်ထိတွေ့ဆက်ဆံမှုမှဖြစ်ပေါ်လာခဲ့ခြင်းလည်းဖြစ်ပါတယ်။သို့သော်လည်းထိုပူးတွဲစစ်ရေးကြိုးပမ်းမှုသည်ကာရာဘတ်၏နယ်မြေအစိတ်အပိုင်းအများအပြားကိုသိမ်းပိုက်ထိန်းချုပ်နိုင်မှုတွင်အောင်မြင်ခဲ့သော်လည်းအန်ကာရာ၏အောင်ပွဲသည်ထင်သလောက်ပြီးပြည့်စုံမှုမရှိခဲ့သလိုယုံကြည်စရာကောင်းလောက်အောင်လည်းမဖြစ်ခဲ့ပါဘူး။ထိုအစားတူရကီအနေနဲ့စစ်ရေးနှင့်သံတမန်ရေးရာကဏ္ဍနှစ်ခု စလုံးကိုယခုအခါမှာအကြီးအကျယ်တိုးချဲ့လျှက်ရှိနေပါတယ်။

ဒီလုပ်ဆောင်ချက်ဟာရုရှကအတည်ပြုထားတဲ့ပဋိပက္ခတွင်ပါဝင်ပတ်သတ်မှုနောက်ကျခြင်းနဲ့ဒေသတွင်းငြိမ်းချမ်းရေးထိန်းသိမ်းမှုမစ်ရှင်အတိုင်းပဲဖြစ်ပါတယ်။တူရကီစစ်တပ်ရှိငြိမ်းချမ်းရေးထိန်းသိမ်းသည့်တပ်ဖွဲ့များ၏တိုက်ရိုက်အခန်းကဏ္ဍများစွာအတွက်ကြီးကျယ်သောကတိစကားများကိုငြင်းပယ်လျက်ရှိနေသည်ဟုမော်စကိုကရှု့မြင်နေခြင်းကအန်ကာရာအတွက်အရှက်ရစရာဖြစ်ခဲ့ပါတယ်။ရုရှအနေနဲ့အဇာဘိုင်ဂျန်နိုင်ငံအတွင်းငြိမ်းချမ်းရေးထိန်းသိမ်းမှုအစီအစဉ်နှင့်ကြီးကြပ်မှုမှာတူရကီကိုအင်အားအနည်းဆုံးအသင့်အနေအထားဖြင့်သာခွင့်ပြုခဲ့ပြီးယင်းကိုယ်တိုင်ကမူဒေသတွင်း၌ကြီးမားသည့်အခန်းကဏ္ဍမှပါဝင်ဆောင်ရွက်ခဲ့ပါတယ်။



အလားတူ အာမေးနီးယား-အဇာဘိုင်ဂျန်-ရုရှဒေသတွင်းကုန်သွယ်မှုဆိုင်ရာမိတ်ဖက်သုံးနိုင်ငံအဖွဲ့မှလည်းရုရှက တူရကီကိုဖယ်ထုတ်ချန်လှပ်ထားခဲ့ပါတယ်။ဆိုလိုသည်ကအာမေးနီးယားနှင့်ပုံမှန်ဆက်ဆံရေးပြန်လည်ထူထောင်ခြင်းကအာမေးနီးယားအနေဖြင့်တူရကီအားကုန်သွယ်မှုဆိုင်ရာမိတ်ဖက်သုံးနိုင်ငံအဖွဲ့စားပွဲဝိုင်းမှာနေရာပေးနိုင်ရန်၊ဒေသတွင်းဆိုင်ရာကုန်သွယ်မှုနှင့်သယ်ယူပို့ဆောင်ရေး ၊ပြန်လည်ထူထောင်ရေးအစီအစဉ်များမှာပိုမို တက် ကြွ သော အခန်းကဏ္ဍအားပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပင်တူရကီအနေနဲ့အဇာဘိုင်ဂျန်၏အဓိကစစ်ဖက်ဆိုင်ရာနာယကနိုင်ငံ အဖြစ်ဆုံး ရှုံးခဲ့ရသည် အနေအထားကိုပြန်လည်ရရှိခဲ့သလိုရုရှကိုလက်နက်အရင်းအမြစ်များနှင့်လက်နက်ပံ့ပိုးပေးသူအဖြစ်အစားထိုးခဲ့ပါတယ်။ထိုသည်ကကာရာဘတ်ကိုစစ်ဆင်ရေးအောင်မြင်ခဲ့ပြီးနောက်ယုံကြည်မှုလွန်ကဲနေသောအဇာဘိုင်ဂျန်နိုင်ငံအားတူရကီမှအာဏာလွှဲပြောင်းပေးမှုနှင့်အတူအာဏာအလှည့်အပြောင်း၏နက်နဲသောလမ်းကြောင်းနဲ့လည်းကိုက်ညီလျှက်ရှိနေပါတယ်။

တတိယအရေးကြီးသောအချက်မှာပုံမှန်ပြန်လည်ထူထောင်ရေးသည်မူဝါဒအသစ်မဟုတ်ဆိုသောအချက်ပဲဖြစ်ပါတယ်။အာမေးနီးယားအနေနဲ့ပိတ်ထားသောနယ်စပ်ဂိတ်များပြန်လည်ဖွင့်လှစ်ရေးနဲ့တူရ ကီနှင့်ကာလရှည်ကြာ စွာရပ်နားထားသည့်သံတမန်ဆက်ဆံရေးကိုပြန်လည်စတင်ရန်ကြိုတင်သတ်မှတ်ချက်များမရှိဟူသောမူဝါဒကိုအခိုင်အမာဆုပ်ကိုင်ထားရှိပါတယ်။တကယ်တော့ထိုနှစ်နိုင်ငံရဲ့ဆက်ဆံရေးဟာဘယ်တုန်းကမှတရားဝင်ဆက်ဆံရေးမရှိခဲ့ပါဘူး။တူရကီအာဏာပိုင်များအနေနဲ့ ၁၉၉၀ခုနှစ်ကတည်းအာမေးနီးယားနိုင်ငံပိုင်ကာရာဘတ် နှင့် ပတ် ဝန်းကျင်ခရိုင်များကိုသိမ်းပိုက်လိုက်တာကြောင့်တူရကီနှင့်အာမေးနီးယားနယ်စပ်ကိုပိတ်ထားခဲ့တာလည်းဖြစ်ပါတယ်။

ယခုအခါမှာတော့တူရကီနှင့်အာမေးနီးယားနှစ်နိုင်ငံစလုံးအနေနဲ့၂၀၀၈-၂၀၀၉ခုနှစ်အစောပိုင်း ကာလများမှာ နှစ်နိုင်ငံ ညှိနှိုင်းမှတဆင့်သံတမန်ရေးဆိုင်ရာသဘောတူညီချက်နှစ်ရပ်ကိုဇူးရစ်မြို့မှာ လက်မှတ် ရေးထိုးနိုင်ခဲ့ပါ တယ်။ဆွစ်ဇာလန်စေ့စပ်ညှိနှိုင်းရေးအဆိုပါလုပ်ငန်းစဉ်အရ အာမေးနီးယား အနေနဲ့ထိထိရောက် ရောက် ပုံမှန် ဆက်ဆံရေးပြန်လည်ထူထောင်ခြင်းဖြင့်အာမေးနီးယားအတွက်ယိုင်နဲ့မှုကိုမရရှိသောဆုလာဘ်တစ်ခုဖြစ်လိမ့်မည်ဟုအဇာဘိုင်ဂျန်ကအခိုင်အမာပြောဆိုလိုက်ပြီးထိုလုပ်ငန်းစဉ်ကိုမရပ်တန့်စေနိုင်သည့်ကြိုတင်လိုအပ်ချက်တစ်ခုဖြင့်တူရကီအားကာရာဘတ်ကိုတိုးတက်မှုရရှိအောင်လုပ်ဆောင်ရန်စည်းရုံးခဲ့ပါတယ်။သို့သော်ထိုအရာများအားလက်တွေ့အကောင်အထည်ဖော်ရာ၌မအောင်မြင်ခဲ့သော်လည်းထိုဆွေးနွေးပွဲကလိုက်လျောညီထွေမှုရှိစေမည့်အချက်များကိုကျော်လွန်ရုံပေးစွမ်းနိုင်သည်သာမကလာမည့်ဆွေးနွေးပွဲများအတွက်လည်းသင်ခန်းစာယူစရာအဖြစ်ပေးစွမ်းနိုင်ခဲ့ပါတယ်။

မည်သို့ပင်ဆိုစေကာမူ ပြန်လည်ပေါင်းစည်းရေး သို့မဟုတ်ပြန်လည်သင့်မြတ်ရေးမဟုတ်သည့်တိုင် ပုံမှန် ဆက် ဆံရေးပြန်လည်ထူထောင်နိုင်ရေးသည်ပထမဆုံးအဆင့်အနေဖြင့်အရေးကြီးကြောင်းကိုသတိပြုရန်လိုအပ် လျှက်ရှိနေပါတယ်။ပုံမှန်ဆက်ဆံရေးဖြစ်ရေးသည်အခြေခံအနိမ့်ဆုံးသတ်မှတ်ချက်အဖြစ်ရှိနေပြီးပြန်လည်သင့်မြတ်ရေးသည်နောင်မျိုးဆက်များလက်ထက်ရောက်သည်အထိပို၍ကျယ်ပြန့်ရှည်လျှားကာအကြိတ်အနယ်ဖြစ်စေနိုင်သည်ကိစ္စရပ်တစ်ခုအနေဖြင့်သီးခြားတည်ရှိနေပါတယ်။

ထို့ကြောင့်ယခုသီတင်းပတ်အတွင်းကြေငြာလိုက်သည့်နယ်စပ်များပြန်လည်ဖွင့်လှစ်ရေး၊အန်ကာရာနှင့်ရီရေဗန်တို့အကြားသံတမန်ဆက်ဆံရေးပြန်လည်ထူထောင်ခြင်းတို့သည်အိမ်နီးချင်းနိုင်ငံနှစ်ခုအကြားအခြေခံအကျဆုံးသောဆက်ဆံရေးဆီသို့ဦးတည်သွားခြင်းဖြစ်သည့်အတွက်ကြိုဆိုထိုက်သောလှုပ်ရှားဆောင်ရွက်မှုလည်းဖြစ်ပါတယ်။



၂၀၂၀ခုနှစ်မှာအဇာဘိုင်ဂျန်စစ်ပွဲအတွက်၊ကာရာဘက်အတွက်တူရကီစစ်တပ်ကိုမကြုံစဖူးကူညီပံ့ပိုးမှုများပေးပြီးနောက်သံတမန်ရေးရာလုပ်ငန်းများပြန်လည်စတင်ခြင်းသည်အရှိန်လျှော့ပြီးစစ်ပြီးခေတ်ကာလအတွက်တည်ငြိမ်မှုကိုပိုမိုအထောက်အကူပြုစေသည့်ပတ်ဝန်းကျင်အသစ်ကိုထင်ဟပ်စေခဲ့ပါတယ်။

အဇာဘိုင်ဂျန်အနေနဲ့အစောပိုင်းသံတမန်ရေးလုပ်ငန်းများကိုပုံမှန်ပြန်ဖြစ်စေရန်လုပ်ဆောင်ရာ၌ လမ်း ချော်သွား ခဲ့ခြင်းကြောင့်တူရကီအနေနဲ့အဇာဘိုင်ဂျန်ကိုအထောက်အပံပေးရေးသက်တမ်းတိုးမြှင့်ရန်သတိထားပြီးဆုံးဖြတ်ခဲ့သလိုအာမေးနီးယားကိုလည်းပုံမှန်ဆက်ဆံရေးထူထောင်ရန်ကမ်းလှမ်းခဲ့တာပဲဖြစ်ပါတယ်။သို့သော်အဇာဘိုင်ဂျန်-အာမေးနီးယားတို့နှင့်သံခင်းတမန်ခင်းပုံမှန်ဆက်ဆံရေးပြန်လည် ထူ ထောင်ရေးသည်သီးခြားလမ်း ကြောင်းတစ်ခုအဖြစ်ရပ်တည်လျှက်ရှိနေသော်လည်းတူရကီနိုင်ငံအတွင်းရွေးကောက်ပွဲများနှင့်နိုင်ငံရေးအကြပ်အတည်းများပြင်းထန်လာခြင်းအခြေအနေများကတူရကီနိုင်ငံတွင်းစိုးရိမ်ရမှုအခြေအနေများအပေါ်မူတည်လို့နေပါတယ်။

ထိုအခြေအနေမှာပုံမှန်ဆက်ဆံရေးကိုလိုလားသောမူဝါဒဖြင့်ကြိုးပမ်းနေသည့်တူရကီသမ္မတအာဒိုဂန်အနေဖြင့်ပိုမိုရင့်ကျက်သည့်စံနမူနာပြနိုင်ငံ့ဝန်ထမ်းကောင်းအဖြစ်ရုန်းကန်နေရသည်ဟုလူအများကထင်မြင်ယူဆစရာဖြစ်သော်လည်းတူရကီအတိုက်အခံအများစုမှဆန့်ကျင်သောခက်ခဲသည့်ဖိအားပေးမှုများကိုခံရဖွယ်ရှိနေပါတယ်။ထိုသည်ကအစ္စရေး၊ယူအေးအီးစသောနိုင်ငံများနဲ့ဆက်ဆံရေးတိုးတက်ကောင်းမွန်လာစေဖို့အာဒိုဂန်ရဲ့ကျယ်ပြန့်သည့်ရှု့ဒေါင့်အမြင်တစ်ခုလည်းဖြစ်ပြီးလာမည့်၂၀၂၃ခုနှစ် ၊ရွေးကောက်ပွဲမှာဝေဖန်မှုတွေနဲ့သူရဲ့ ကာလရှည်ကြာရှိ ခဲ့တဲ့အမျိုးသားရေးမဟာမိတ်အဖွဲ့တွေရဲ့သူ့အပေါ်ဝေဖန်ထောက်ပြမှုတွေကိုတန်ပြန်ဝေဖန်မှုတွေကိုလိုအပ်လာမှာဖြစ်ပါတယ်။
မည်သို့သောအခြေအနေမျိုးပင်ရှိနေစေကာမူစေ့ဆော်မှုများကြောင့်အာမေနီးယားနှင့်တူရကီပုံမှန်ဆက်ဆံမှုပြန်လည်ထူထောင်နိုင်ရေးအလားအလာမှာကောင်းမွန်လျှက်ရှိနေပါတယ်။ဆယ်စုနှစ်များစွာတင်းမာနေခဲ့သည့်ဆက်ဆံရေးအခြေအနေများအပြီးမှာတော့ထိုသည်ကနှစ်နိုင်ငံပုံမှန်ဆက်ဆံရေးအတွက်အပြုသဘောဆောင်သည့်အားသစ်လောင်းဖွယ်ရာအပိုင်းအစတစ်ခုအနေဖြင့်ရှိနေပါတော့တယ်။

No comments:

Post a Comment